ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အစ္စရေးတင့်ကားတပ်တွေ ထိုးစစ်အရှိန်မြှင့်

 

ဂါဇာစီးတီး၊ ဇူလိုင်-၁-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးတပ်တွေဟာ တင့်ကားတွေနဲ့အတူ ဂါဇာမြောက်ပိုင်း ရှီဂျာရီယာအရပ်နဲ့တောင်ပိုင်းရှိ ရာဖာမြို့အလယ်နဲ့ အနောက်ပိုင်းတို့ကို စစ်ဆင်ရေးတွေ ပိုမိုတိုးချဲ့လာပြီး ပါလက်စတိုင်းခြောက်ဦးထက်မနည်း သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လေးရက်ကစပြီး ရှီဂျာရီယာကို ပြန်လည်ဝင်ရောက်လာတဲ့ အစ္စရေးတင့်ကားတွေရဲ့ပစ်ခတ်ခဲ့ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ကျည်တွေကျရောက်မှုကြောင့် ပိတ်မိနေသူလည်းရှိတယ်လို့ ဆိုပါတယ်။

အစ္စလာမ္မစ်စစ်သွေးကြွ ဟားမတ်စ်တို့အပေါ်စစ်ပွဲဟာ အနိုင်ကလွဲပြီး ဘာနဲ့မှ အစားမထိုးဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့ကပြုလုပ်တဲ့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

“ဟားမတ်စ်တွေကို ချေမှုန်းပစ်ဖို့၊ ဓါးစာခံတွေအားလုံး လွတ်မြောက်ဖို့၊ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးကို နောက်တစ်ကြိမ် မခြိမ်းခြောက်နိုင်အောင်နဲ့ ဒေသခံတွေ ဘေးကင်းစွာနဲ့ ပြန်လည်နေထိုင်နိုင်ဖို့ရည်မှန်းချက်တွေ အပြည့်မချင်း တိုက်ပွဲဝင်ဖို့ ကတိပြုတယ်” လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

နေတန်ယာဟုရဲ့ ဒီလိုမှတ်ချက်ပြုပြောဆိုအပြီးမှာတော့ ဟားမတ်စ်တို့ဟာ သူတို့ရဲ့ အင်အားကို ပြသမှုအဖြစ် လက်နက်ထုတ်လုပ်တဲ့စက်ရုံရဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ ကြားဝင်မှုနဲ့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကတော့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ရှေ့မတိုးနောက်မဆုတ်ဖြစ်နေပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အစ္စရေး #တင့်ကား #ဂါဇာမြောက်ပိုင်း-တောင်ပိုင်း #စစ်ဆင်ရေး #အရှိန်မြှင့်

Related posts

Leave a Comment

VOM News

FREE
VIEW