မိုးကုတ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာ

 

ဇူလိုင် ၁၊ ၂၀၂၄
Shy V(VOM)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာနေတယ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မိုးကုတ်မှာ ကြက်ဥ တလုံး ၁၀၀၀ ထိ ဈေးတက်လာတယ်။ စက်သုံးဆီတွေလည်း ပြတ်လပ်တာတွေ ရှိတယ်ရှင့်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ခရမ်းသီး တလုံး ၂၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တပိသဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး ၁၀၀၀ ကျပ်၊ ချဥ်စပ်ေခါက်ဆွဲ တထုပ် ၁၀၀၀ ကျပ် အဲဒီလိုတွေရောင်း နေပြီလို့ သူက ပြောပါတယ်။

တိုက်က်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး ကုန်စည် ပြတ်တောက်မှုတွေ ဖြစ်လာသလို ဖုန်းလိုင်းတွေပါ ပြတ်တောက်ကုန်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမှာလည်း တိုက်ပွဲ ပြင်းထန်တာမျိုး မရှိပေမယ့် နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ အပြင် လမ်းတွေ အဝင်အထွက် ပိတ်ထားတာကြောင့် ကုန်ဈေးနှုးတွေ တက်နေတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

“သီပေါမှာလည်း ကြက်ဥ တလုံးတောင် ၈၀၀ ရှိနေပြီ။ ကုန်ဈေးနှုန်းတွေ တအား တက်တာ။ လမ်းတွေကလည်း မြို့ ပတ်ပတ်လည်ကို ပိတ်ပစ်တာ။ မြို့ထဲ လူအဝင် အထွက်လည်း မရတော့ ပိုဆိုးပြီပေါ့။ အပြင်က ကုန်ပစ္စည်း ဘာမှ မဝင်တော့ဘူးလေ။” လို့ သူက ပြောပါတယ်။

ကုန်ပစ္စည်း ဈေးတက်တဲ့ အပြင် ကုန်စည်တွေ ပြတ်လပ်လာတာကြောင်း အစားအသောက် အခက်အခဲ ဖြစ်လာလို့ မယ်သီလရှင်ကျောင်းက သီလရှင်တွေကိုတောင်မှ အနီးနား ပြန်ပို့လို့ ရသမျှ နေရပ်ပြန်ပို့လိုက်ရတယ် လို့ သူက ရှင်းပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို နဲ့ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကိုပါ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကစ ၁၀၂၇ ကျော့ပြန် ရှမ်းမန်း စစ်ဆင်ရေး စတင်ကာ နစက တပ်စခန်းရှိရာနဲ့ ဌာနဆိုင်ရာရုံးေတွကိုပါ ထိုးစစ်ဆင် တိုက်ခိုက် နေတာဖြစ်ပါတယ်။

Photo Crd# Wikipedia

#voiceofmyanmar #VOM #မိုးကုတ် #ကုန်ဈေးနှုန်း #အဆမတန်တက် #ကုန်စည် #ပြတ်လပ်လာ

Related posts

Leave a Comment

VOM News

FREE
VIEW