မြစ်ကြီးနားမှာ မြစ်ရေ စိုးရိမ်မှတ်ထက် ငါးပေကျော်လွန်နေပြီး  စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲ

ဇူလိုင် ၁၊ ၂၀၂၄

မြစ်ကြီးနားမှာ ရေတွေ စိုးရိမ်မှတ်ထက် ကျော်လွန်ဆက် တက်နေပြီး စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမှာ မြစ်ရေ စိုးရိမ်မှတ်ထက် ငါးပေကျော်လွန်နေပြီး  စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲ

“စက်သုံးဆီတွေ ဝယ်ရခက်နေတာ။ မနေ့ညနေကလည်း ကျွန်မလည်း ဆိုင်ကယ် ဆီ ထပ်မဖြည့်ထား မိလို့ ခက်နေပြီ။ ကျွန်မရဲ့ ဆိုင်ဘက်လည်း ရေလျှံနေပြီ။ ပစ္စည်း သွားသယ်ရမှာ။ ဆီဆိုင်တွေလည်း ရေတက်လာတော့ ပိတ်တဲ့ ဆိုင်တွေ ပိတ်ကုန်ပြီ။ ဆီဝယ်ရခက်နေတာ။ စက်သုံးဆီ ဝယ်မရလို့ ကယ်ဆယ်ရေးလုပ်နေသူတွေ အခက်အခဲ ဖြစ်နေကြတယ်။” လို့ စီတာပူ မှာ ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။

မြစ်ကြီးနားမှာ မြစ်ရေ စိုးရိမ်မှတ်ထက် ငါးပေကျော်လွန်နေပြီး  စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲ

ဧရာဝတီ မြစ်ဘေး တလျှောက်နဲ့ မြစ်ကြီးနား မြေနိမ့်ပိုင်း ရပ်ကွက်တွေ အားလုံးမှာ ရေတွေ ဝင်ကုန်ပြီ လို့ သူက ပြောပါတယ်။

“ကျွန်မ အသိတွေတောင် ရေတအားတက်လာလို့ အိမ်အပေါ်ထပ်မှာပဲ နေနေကြရတယ်။ ထမင်းချက်စားဖို့တောင် ခက်ခက်ခဲခဲ ဖြစ်နေတယ်။ ကယ်ဆယ်ရေးတွေကို ဖုန်းခေါ်လည်း မရ ဖြစ်နေတာ။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ရေတွေက ရင်ခေါင်းနားထိ မြုပ်ေနပြီ ဖြစ်ပြီး ကယ်ဆယ်ရေးတွေကို ဆက်သွယ်ရခက် နေတာကြောင့် အခက်ကြုံနေရဝယ်လို့ သူက ပြောပါတယ်။

လျှပ်စစ်မီး ပြတ်တောက်သွားတာ ၂ ရက်ခန့် ကြာပြီဖြစ်တာကြောင့် တချို့ ဒေသခံတွေလည်း ဖုန်းအားတွေ ကုန်သွားကြလို့ ဆက်သွယ်လို့ ခက်ခဲ နေကြဝယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေမှတ် အခြေအနေက ဒီနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၅ ပေခန့် (၁၅၂ စင်တီမီတာ) ကျော်လွန် နေပြီ ဖြစ်ပြီး နောက် ၂ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ထားပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားပါတယ်။

ဒါ့အပြင် ခန္တီးမြို့မှာ နောက်ထပ် ၆ နာရီအတွင်း၊ ဗန်းမော်မြို့မှာ နောက် ၃၆ နာရီအတွင်း၊ ရွှေကူ မြို့နဲ့ ဟုမ္မလင်းမြို့ တွေမှာနောက် ၁ ရက်အတွင်း၊ ကသာ မြို့နဲ့ ဖောင်းပြင် မြို့ တွေမှာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ ကသာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ် တွေထဲက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင် သူတွေအနေနဲ့ အထူးသတိပြုနေ ထိုင်ကြရန် အကြံပြုအပ်ထားပါတယ်။

Photo Crd#
#voiceofmyanmar#VOM#မြစ်ကြီးနားမှာ ရေတွေ စိုးရိမ်မှတ်ထက် ကျော်လွန်ဆက် တက်နေပြီး စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲ#

Related posts

Leave a Comment

VOM News

FREE
VIEW