မြောက်ကိုရီးယား ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်း ပြုံးယမ်းအနီး ကုန်းတွင်းပိုင်းမှာ ပေါက်ကွဲ

 

ဆိုးလ်၊ ဇူလိုင်-၁-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဇူလိုင် ၁ ရက်နေ့က ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်ခတ်ခဲ့ပြီး တစင်းဟာ ပျံသန်းနေစဉ် ပေါက်ကွဲမှုခဲ့ပြီး ကုန်းတွင်းပိုင်းကို အပျက်အစီးများ ကျရောက်နိုင်ကြောင်း တောင်ကိုရီးယား စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုံးကျည်နှစ်စင်းစလုံးကို အရှေ့မြောက်ဘက်သို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်ဒုံးကျည်ဟာ မြို့တော်ပြုံးယမ်းနဲ့ နီးစပ်တဲ့ဒေသမှာ ပေါက်ကွဲခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ လီဆောင်ဂျွန်းကပြောပါတယ်။

မြောက်ကိုရီးယားဟာ ကီလိုမီလိုမီ ၆၀၀ ခရီးရောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းနဲ့ ကီလိုမီတာ ၁၂၀ ခရီးရောက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်မှုအကြိုအဆင့်မစပြီး ပျံသန်းမှုကို ခြေရာခံခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းထန်စွာခြိမ်းခြောက်တဲ့ ရန်စမှုဖြစ်ကြောင်း ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတို့က ရှုတ်ချထားပါတယ်။

ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လက်ရှိပြုလုပ်နေတဲ့ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ဝေဖန်ပြောဆိုထားပြီး ဒီအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #ဒုံးကျည်ပစ်လွှတ်မှု #ပေါက်ကွဲ #ကုန်းတွင်းပိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW