ယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသတခုလုံးကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ ကြိုးပမ်းနေ

 

မော်စကို၊ ဇူလိုင်-၁-၂၀၂၄
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်နိုင်ငံအရှေ့ပိုင်းမှာ သူ့ရဲ့ထိုးစစ်ကို အရှိန်မြှင့်တင်နေပြီး ဒွန်နက်ခ်ဒေသရှိ ရွာနှစ်ရွာနဲ့ နယ်မြေအချို့ကို ပြီးခဲ့တဲ့နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားစ်တပ်က ထုတ်ပြန်ပါတယ်။

ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း လူကိုးယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ဒွန်နက်ဒေသအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့ ဒွန်နက်ခ်ဒေသကို အပြည့်အ၀ ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ရုရှားတပ်တွေ ပိုမိုအောင်မြင်မှုရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရုရှားရဲ့ ထိုးစစ်အရှိန်မြှင့်တင်လာတာနဲ့အမျှ ယူကရိန်းမှာလည်း သေဆုံးဒဏ်ရာရသူ အရေအတွက် ဆက်လက်မြင့်တက်လာပါတယ်။ ဒီထဲမှာတော့ သေဆုံးသွားတဲ့ ကလေးငယ် ၅၅၄ ယောက်ရှိပြီး ၁၄၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရရှေ့နေတွေကပြောပါတယ်။

ထိခိုက်သေဆုံးမှုအများဆုံးကတော့ ဒွန်နက်စ်ဒေသနဲ့ ခါကိဗ်ဒေသတို့မှာဖြစ်ပါတယ်။ ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ဇီးယားဒေသမှာလည်း ပြီးခဲ့တဲ့စနေနေ့က ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မကြာသေးမီကလည်း ရုရှားဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့ပြီး ယူကရိန်းသမ္မတဇီလန်စကီးကတော့ အမေရိကန်အပါအဝင် အနောက်အုပ်စုမဟာမိတ်တွေဆီကနေ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုတောင်းဆိုထားပါတယ်။

Ref:NHK
Photo:RDM

#Voiceofmyanamar #VOM #ယူကရိန်း #ရုရှား #ဒွန်နက်စ်ဒေသ #ထိန်းချုပ်ဖို့ #ကြိုးပမ်း

Related posts

Leave a Comment

VOM News

FREE
VIEW