သတ်မှတ်စျေးနဲ့ရောင်းချတဲ့ ဆန်တွေထဲ အရည်အသွေးညံဆန်တွေ ရောနှောရောင်းချမှုရှိနေ

 

ဇူလိုင်-၁ – ၂၀၂၄
GG (VOM)

သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီကသိရပါတယ်။

” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်ကဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဆန်တပြည်၃၀၀၀ ဆိုပြီးဆိုင်းဘုတ်တပ်ပြီးသာရောင်းတာ အလှူလုပ်သလိုလိုနဲ့ ပြည်သူကိုဂျင်းထည့်နေတာ။ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ။ ဆန်အရောင်ကလည်း မီးခိုးရောင်ကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။

ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါရောနှောရောင်းချပေးနေကြတာဖြစ်တယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

သတ်မှတ် ဆန်ရည်ညွှန်းဈေးဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ဆန်ပွဲရုံ၊ဆန်ဆိုင်အများစုက ဆန်သီးသန့်ထားကာ ထုတ္ပိုးထားတာကို ရောင်းချပေးတာဖြစ်ပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တိုင်း၊ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာမဟုတ်ဘူးလို့လည်းသိရပါတယ်။

” အခု ကုမ္ပဏီ တံဆိပ်နဲ့ရွှေဘိုပေါ်ဆန်းထူးရှယ်တွေက ဈေးချမရောင်းပါဘူး။အဲဒီလိုပဲ တခြားစားသုံးသူများတဲ့ဆန်ကြမ်းတွေလည်းချမရောင်းပါဘူး။၃၀၀၀ဆိုတာ သူတို့ရောင်းတဲ့ဆန်ပဲရတာ။ခုကျွန်တော်တို့ပုံမှန်စားတဲ့ဆန်တွေကမရပါဘူး။ ၃၈၀၀ ရှိတယ် ။” လို့ နောက်ထပ်စားသုံးသူပြည်သူတယောက်ကပြောပါတယ်။

သတ်မှတ်ဆန်ဈေးနဲ့ မရောင်းချပါက ဆန်ကုန်သည်၊ ဆန်စက်တွေ၊ဆန်ပွဲရုံ၊ဆန်ဆိုင်တွေအနေနဲ့ပိတ်သိမ်းတာ၊ဖမ်းဆီးအရေးယူတာ စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်တာကြောင့် ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးကြောင်း ဆိုင်းဘုတ်ချိတ်ထားပြီး ကုန်သည်အချို့က ဆန်ကိုရောနှောရောင်းချလာကြတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာနိုင်ဆန်စပါးအဖွဲ့ချုပ် MRF ကေတာ့ ဆန်ဈေးနူန်းကျပြီးတည်ငြိမ်သွားပါက ဆန်ရောရောင်းချတာတွေ ပျောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

” ကျွန်တော်ပြောသလိုပဲ ဈေးနူန်းငြိမ်သွားရင် ဆန်ရောရောင်းတဲ့ဆိုင်ကတော့ မရောင်းရတော့ဘူးပေါ့။အကုန်လုံးရောရောင်းနေရင်တော့မတတ်နိုင်ဘူးပေါ့။ရောရောင်းသူနည်းရင်တော့သူဆီမဝယ်ဘဲ ကောင်းတဲ့ဆီဝယ်မှာပေါ့။အဲဒီလိုမှလည်း မှန်ကန်တဲ့ဈေးကွက်တခုဖြစ်လာမှာပေါ့။ကျွန်တော်တို့ကရေရှည်ရပ်တည်လို့ရမှာပေါ့။ ” လို့ ပြောပါတယ်။

MRF ကေတာ့ ရွှေဘိုပေါ်ဆန်းဆန်၊ ဧရာဝတီပေါ်ဆန်းဆန် နဲ့ ဧည့်မထဆန်ကို နေပြည်တော်၊ ရန်ကုန်တိုင်းဉ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအပါအဝင် တနိုင်ငံလုံးရှိ ဆန်စက်၊ ဆန်ဆိုင်နဲ့ ဆန်ပွဲရုံတွေမှာ ဆက်တိုက် ရောင်းချပေးနေတယ်လို့ဆိုပါတယ်။

ဒါအပြင် မနက်ဖန်ဇူလိူင်လ ၁ ရက်နေ့ကစပြီးလည်းဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ရွှေဘိုပေါ်ဆန်း (၁၀၈)ပေါင်တအိတ်ကို ၁၅၂၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀၈)ပေါင်တအိတ်ကို ၁၃၀၀၀ဝ ကျပ်နဲ့ (၁၀)ကီလို တအိတ်ကို ၂၆၅၀ဝ ကျပ်နဲ့ ရောင်းချပေးမယ်လို့ပြောဆိုထားပါတယ်။

သတ်မှတ်ဆန်ဈေးနဲ့ ရောင်းချပေးမှုကို ဇွန်၂၄ ရက်နေ့ကစပြီးစတင်ခဲ့ရာ လက်ရှိအထိတော့ ဒေသတိုင်းက ဆန်အရောင်းဆိုင်တိုင်းမှာ အရည်အသွေးကောင်း ဆန်သတ်မှတ် ဆန်ရည်ညွှန်းဈေးနဲ့ဝယ်ယူနိုင်ခြင်းမရှိသေးပါဘဲ

အခြေခံ လူတန်းစားတွေ ဆန်တပြည် ၃၀၀၀ ကျပ်နဲ့ ခုချိန်ထိ လက်လှမ်းမှီဝယ်ယူနိုင်ခြင်းမရှိသေးတာနဲ့ သတ်မှတ်ဆန်ရည်ညွှန်းစျေးနဲ့ဝယ်ယူရရှိတဲ့ ဆန်အချို့မှာကျလည်း အရည်အသွေးမကောင်းတဲ့ဆန်တွေ ရောနှောရောင်းချလို့ စားသုံးသူတွေအဆင်မပြေဖြစ်နေတဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

# Voiceofmyanmar# vom# ဆန်ရည်ညွှန်းစျေး# ဆန်ဝါ# ရောနှော# MRF

Related posts

Leave a Comment

VOM News

FREE
VIEW