ဂျပန်နိုင်ငံ မီဆာဝါလေတပ်စခန်းမှာ အမေရိကန်ရဲ့ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ် ၄၈ စင်း ပထမဆုံးအကြိမ် ဖြန့်ကြက်မယ်

 

တိုကျို၊ ဇူလိုင်-၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်း မီဆာဝါလေတပ်အခြေစိုက်စခန်းမှာ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

အိုမိုရီစီရင်စု မီဆာဝါလေတပ်အခြေစိုက်စခန်းမှာ လက်ရှိဖြန့်ကြက်ထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ၃၆ စင်းအစား အက်ဖ်-၃၅ တိုက်လေယာဉ် ၄၈ စင်းကို အစားထိုးဖြန့်ကြက်မယ်လို့ ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ အဆင့်မြှင့်ရေဒါရှောင်ကွင်းမှုစနစ်၊ ရန်သူခြိမ်းခြောက်မှုတွေကို လျင်မြန်စွာသိရှိနိုင်တဲ့ အာရုံခံစနစ်တွေတပ်ဆင်ထားတဲ့ ပဉ္စမမျိုးဆက် အဆင့်မြင့် တိုက်လေယာဉ်တွေဖြစ်ပါတယ်။

ဂျပန်ရှိ အမေရိကန်စစ်တပ်ရဲ့ စွမ်းဆောင်ရည်အဆင့်မြှင့်တင်မှုများနဲ့ပတ်သက်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ဒေါ်လာ ၁၀ ဘီလီယံထိ ကုန်ကျနိုင်ပါတယ်။

ဒီအစီအစဉ်ဟာ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်ဖို့၊ ဒေသတွင်းအဟန့်အတား ပိုမိုအားကောင်းလာစေဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးတို့ကို အထောက်အကူပြုမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီးတွင် အဆိုးရွားဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးဆိုင်ရာ အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်အင်အားတိုးချဲ့မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref:NHK
Photo:US Air Force

#Voiceofmyanmar #VOM #အမေရိကန် #ဂျပန် #အက်ဖ်-၃၅တိုက်လေယာဉ် #ဖြန့်ကြက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW