ဆိုးလ်၊ ဇန်နဝါရီ-၁၅-၂၀၂၅
မျိုးဆက်(VOM)
တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဆိုးရှိသူ့ရဲ့နေအိမ်မှာ ဒီကနေ့မနက်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဖမ်းဆီးဖို့ကြိုးပမ်းမှုအတွင်း တာဝန်ရှိသူတွေနဲ့ သမ္မတလုံခြုံရေးအဖွဲ့၊ ထောက်ခံသူတွေအကြား နာရီအတန်ကြာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ယခုအစောပိုင်းက သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ဘဲ ရုပ်သိမ်းခဲ့ရပါတယ်။ တခေါာက်မှာတော့ အာဏာပိုင်တွေဟာ နေအိမ်ထဲကို လှေကားတွေအသုံးပြု ဝင်ရောက်ခဲ့ရာတွေရှိခဲ့ပါတယ်။
လက်ရှိမှာတော့ စုံစမ်းစစ်ဆေးသူတွေဟာ သမ္မတယွန်းကို ၄၈ နာရီကြာ ဖမ်းဆီးစစ်ဆေးနိုင်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးနေချိန်အတွင်း ၀ရမ်းကို သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၀ရမ်းသက်တမ်းတိုးဖို့ တရားရုံးက ပယ်ချပါက ယွန်းဆွတ်ခ်ယိုးလ်ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။
ဖမ်း၀ရမ်းသက်တမ်းတိုးမှုအရ ရုံးတင်စစ်ဆေးခြင်းမပြုမီ သမ္မတကို ရက်ပေါင်း ၂၀ ထိ ထိန်းသိမ်းထားနိုင်ပြီး စွဲချက်တင်ခံရတာနဲ့ ခြောက်လကြာချိန်ထိ ချုပ်နှောင်ထားရန် အစိုးရရှေ့နေများက တောင်းဆိုနိုင်သည်။
သမ္မတကို ရာထူးကနေ ဖယ်ရှားမှု ပြုမပြု ဆုံးဖြတ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ကြားနာမှုကို မနေ့က စတင်ခဲ့ပါတယ်။လက်ရှိမှာတော့ သူ့ကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးက ယခင်ကဆင့်ခေါ်မှုတွေကို လျစ်လျူရှုခဲ့တာတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါတယ်။ သမ္မတယွန်းဟာ ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ပုန်ကန်မှု ၊ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:BBC
Photo:Reuters/AFP