ဝက်နဲ့ လူပုံတွေပါတဲ့ ရှေးအကျဆုံး နံရံဆေးရေးပန်းချီ အင်ဒိုနီးရှားက ကျောက်ဂူထဲမှာ ရှာတွေ့

 

ဂျကာတာ၊ ဇူလိုင်-၄-၂၀၂၄
မျိုးဆက်(VOM)

အင်ဒိုနီးရှားနဲ့ ဩစတြေးလျသိပ္ပံပညာရှင်တွေဟာ တောင်ဆူလာဝေစီကျွန်းရှိ ကျောက်ဂူတခုအတွင်းကနေ ရှေးအကျဆုံး နံရံဆေးရေးပန်းချီကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

တောဝက်တကောင်နဲ့ လူပုံအရုပ်ပုံသုံးပုံ ပါဝင်တဲ့ အဲဒီနံရံဆေးရေးပန်းချီဟာ နှစ်ပေါင်း ၅၁၂၀၀ သက်တမ်းရှိပြီး ယခင်က ရှေးအကျဆုံးသတ်မှတ်ခံထားရတဲ့ ဂူအတွင်းမှ နံရံဆေးရေးပန်းချီထက် နှစ်ပေါင်း ၅၀၀၀ စောကြောင်း ပညာရှင်တွေက ပြောပါတယ်။

ပန်းချီမှာတော့ ပါစပ်ဟထားတဲ့ ဝက်တကောင်ပုံ ၊ တုတ်ကိုင်ထားတဲ့ လူသုံးယောက်ရဲ့ ပုံစံတွေ ပါဝင်ပါတယ်။ အင်ဒိုနီးရှားဟာ ရှေးဦးလူသားယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ အင်ဒိုနီးရှား သုတေသီတွေကပြောပါတယ်။

ယခုတွေ့ရှိမှုဟာ လူသားတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုဆိုင်ရာ အယူအဆတွေကို ယခင်ကထက် ပိုမိုလေ့လာနိုင်မှာဖြစ်ပြီး သူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကိုပါ ပြောင်းလဲစေတယ်လို့ ဩစတြေးလျနိုင်ငံ ဂရီဖစ်တက္ကသိုလ်မှ ပါမောက္ခမက်ဇင်အော်ဘတ်က ပြောပါတယ်။

ဒီပန်းချီကားဟာ ရှုပ်ထွေးတဲ့ ဇာတ်လမ်းတပုဒ်အကြောင်းဖြစ်ပြီး ရှေးအကျဆုံးသက်သေအထောက်အထားဖြစ်ကာ ထိုအချိန်က လူသားတွေလည်း အတွေးအမြင်နဲ့ တွေးခေါ်နိုင်စွမ်းကို ပြသခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

Ref:BBC
Photo:BBC

#Voiceofmyanmar #VOM #အင်ဒိုနီးရှား #ရှေးအကျဆုံး #နံရံဆေးရေးပန်းချီ #တွေ့ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW