This Day in History

  Voice of Myanmar အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်နှင့် ဝစ္စကွန်ဆင်ပြည်နယ်တို့တွင် ၁၉၉၅ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင်ဖြစ်ပွားခဲ့သော သီတင်းတပတ်ကြာ အပူလှိုင်းကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHitory #July12

Read More

ခန္တီးရေကြီးမှု သေဆုံးသူ သုံးယောက်အထိ ရှိလာ၊ မြို့ပေါင်း ၁၆ မြို့မှာ မြစ်ရေမြင့်တက်မှု မိုး/ဇလ သတိပေး

  ဇူလိုင် ၁၂ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ရေကြီးမှုကြောင့် သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီး မြို့ပေါင်း ၁၆ မြို့မှာ မြစ်ရေမြင့်တက်မှု ဂရုပြုဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ခန္တီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစပြီး ရေကြီးနစ်မြုပ်နေတာဟာ တပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ရေကြီးမှုကြောင့် အခုရက်ပိုင်းအတွင်း ကလေးငယ်တယောက် အပါအဝင် သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “တယောက်ကတော့ ကလေးမြုပ်တာ။ ကလေးရေနစ်နေတော့ အဖေကလိုက်ကယ်ရင်းနဲ့ အဖေကိုပဲ ပြန်ရလိုက်တယ်။ ကလေးကတော့ ရေနစ်သေသွားတယ်။ နောက် အမျိုးသားတယောက်ကတော့ လှေကားပေါ်ကနေ ခြေချော်ကျရင်းနဲ့ ရေနစ်သေဆုံးသွားတာ။ နောက်ထပ် အမျိုးသားတယောက်ကတော့ အောင်သာကျေးရွာကလို့ သိရတယ်။ ကျွန်တော်တို့လည်း အဲဒီဘက်နဲ့ အလှမ်းဝေးတော့ သွားလို့မရသေးလို့…

Read More

ရုရှားထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ အမေရိကန်က ဂျာမနီမှာ ဖြန့်ကြက်တော့မယ်

  ဝါရှင်တန်၊ ဇူလိုင်-၁၂-၂၀၂၄ မျိုးဆက်(VOM) ရုရှားထိ ရောက်ရှိပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို ၂၀၂၆ ခုနှစ်အတွင်း ဂျာမနီမှာ ဖြန့်ကြက်သွားမယ်လို့ အမေရိကန်နဲ့ ဂျာမနီတို့က ပူးတွဲကြေညာလိုက်ပါတယ်။ အမေရိကန်ဟာ ဥရောပမှာ လက်ရှိမြေပြင်အခြေစိုက် လက်နက်စနစ်ထက် သိသိသာသာ ပိုမိုပစ်ခတ်နိုင်တဲ့ တွမ်မဟော့ခ်ဒုံးကျည်တွေနဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေအပါအဝင် ဒုံးကျည်တပ်ဖွဲ့တွေကို ဂျာမနီမှာ စတင်ဖြန့်ကြက်သွားမှာဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက် ရုရှားထိရောက်ရှိပစ်ခတ်နိုင်တဲ့ အမေရိကန်ရဲ့ တာဝေးပစ်လက်နက်တွေ ဂျာမနီမှာ ပထမဆုံး ဖြန့်ကြက်မှုလည်းဖြစ်တယ်လို့ ဂျာမနီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ဆုံးဖြတ်ချက်အပေါ် ဂျာမနီဝန်ကြီးချုပ် အိုလုပ်ရှုဇ်က ကြိုဆိုလိုက်ပြီး ရုရှားရဲ့လက်နက်တွေဖြန့်ကြက်မှုကို တန်ပြန်ရန်အတွက် အဲဒီလိုလက်နက်တွေလိုအပ်ပြီး ဒါဟာ ရုရှားအပေါ် ဟန့်တားမှုကို တိုးမြှင့်နိုင်တယ်လို့ သူကပြောပါတယ်။ ဂျာမနီမှာဖြန့်ကြက်မယ့် ဟိုပါဆိုးနစ်ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ၂၇၀၀ ထိရောက်ရှိပစ်ခတ်နိုင်ကြောင်း အမေရိကန်ကွန်ဂရက်သုတေသနဌာနက ပြောပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်…

Read More

ရေကြီးမှုကြောင့် ဆားလင်းကြီး၊ ဝက်လက်နဲ့ စဉ့်ကူးက ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေရ

  ဇူလိုင် ၁၂ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ ဝက်လက်နဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွေမှာ ‌ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကစပြီး ချင်းတွင်းမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာအများအပြား ရေနစ်ပြီး အရေးပေါ်ပြောင်းရွှေ့နေရတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး၊ ကူးတို့ကုန်း၊ ပလောင်၊ ရွှေလှေ၊ ရွာသစ်ကုန်း၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်း၊ နတ်စက်၊ ခံကုန်း၊ ထန်းတော၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာအများအပြားမှာ မြစ်ရေတွေ ဝင်ရောက်နေပြီး ရေဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေကာ ရေသန့်၊ ဓာတ်ဆားနဲ့ စားသောက်ကုန်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆိုးဆိုးဝါးဝါး…

Read More

ရုရှားပြည်တွင်း ပစ်မှတ်တွေကိုတိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးရေး နေတိုးအဖွဲ့ကို ယူကရိန်းသမ္မတ တောင်းဆို

  ကိဗ်ယက်၊ ဇူလိုင်-၁၂-၂၀၂၄ မျိုးဆက်(VOM) ရုရှားပြည်တွင်းက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် တာဝေးပစ်လက်နက်အသုံးပြုခွင့်ပေးဖို့ နေတိုးအဖွဲ့ကို ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။ “စစ်ပွဲမှာ ငါတို့အနိုင်ရချင်တယ် ။ အနိုင်ရရင် နိုင်ငံကိုကာကွယ်နိုင်ပြီ ဒီလိုကာကွယ်နိုင်ဖို့ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးဖို့လိုတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက နေတိုးထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။ ယူကရိန်းအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၄၃ ဘီလီယံတန်ဖိုးရှိ စစ်ရေးအထောက်အပံ့တွေ နေတိုးအဖွဲ့က ပေးဖို့ ဆုံးဖြတ်ချက်အပြင် ထောက်ပံ့မှုနဲ့ လေ့ကျင့်ရေးတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေး ယူနစ်ထားရှိမယ့်အတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းအတွက် အမေရိကန်၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့က အက်ဖ်-၁၆ တိုက်လေယာဉ်တွေ အပါအဝင် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့လည်း တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ကတိပြုခဲ့ပါတယ်။ ဒါအပြင် ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် နောက်မပြန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပြီး ယူကရိန်းကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ်…

Read More

မုံရွာမှာ ရှစ်နှစ်အတွင်း ပထမဆုံးရေပြန်ကြီး

  ဇူလိုင် ၁၁ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ရှစ်နှစ်အတွင်း ပထမဆုံးအနေနဲ့ ရေကြီးမှု ပြန်လည် ဖြစ်ပွားလာပြီး ရေဘေးကြောင့် ကျေးရွာ ၁၅ ရွာ စတင်ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ရေကြီးမှုဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှစ်နှစ်အတွင်း ပထမဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်အတွင်း ချင်းတွင်းမြစ်ရေ ခုနစ်ပေခန့်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ချင်းတွင်းမြစ်ရေကတော့ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေပြီ။ ပြီးတော့ မုံရွာဘက်နေ ဟိုဘက်ကိုကူးတဲ့ ထန်းထော ဇက်ဆိပ်ပေါ့၊ ပုံမှန် ဇက်ကူးနေကျလမ်းပေါက်တောင်မှ သဲအိတ်တွေနဲ့ ပိတ်ထားလိုက်ရပြီ။ မြစ်အနောက်ဘက်ကမ်းမှာကျတော့ ရွှေလှေနဲ့ ထန်းထော၊ ညောင်ပင်ကြီးလမ်းတောက်လျှောက် ရေရောက်နေပြီ။ လမ်းမပေါ်မှာရေက ဆိုင်ကယ်အင်ဂျင်မြုပ်တဲ့အထိ…

Read More

မိုးကုတ်မှာ ဆန်ပြတ်လပ်လို့ အဆာခံနိုင်မယ့် အစားအစာတွေ အစားထိုး စားသုံးရတဲ့အထိဖြစ်လာ

  ဇူလိုင် – ၂၀၂၄ GG (VOM) မိုးကုတ်မြို့မှာ ဆန်ပြတ်လပ်မှုဖြစ်ပြီး ဝယ်ယူလို့မရတဲ့အခြေအနေတွေဖြစ်ပွားနေတာကြောင့် ဆန်အစားထိုးအဖြစ် ဗိုက်ပြည့်ပြီးအဆာခံနိုင်မယ့် အစားအစာတွေကို ဝယ်ယူစားသုံးရတဲ့အထိရှိလာနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ လက်ရှိမိုးကုတ်မြို့ပေါ်က ဆန်ဆိုင်တွေမှာလည်း ဆန်လုံးဝ ဝယ်ယူလို့မရတော့သလို စားသုံးဆီ၊ စက်သုံးဆီတွေလည်း လည်းစျေးမြင့်တက်ကာ ဝယ်ယူရခက်နေကြောင်း ၊ အခြားစားသောက်ကုန်တွေလည်းပြတ်လပ်လာသလို ကုန်စိမ်းသီးနှံတွေလည်း စျေးနူန်းမြင့်တက်နေတယ်လို့သိရပါတယ်ယေ ” ဆန်တွေကပြတ်နေပြီ။ဆန်တွေတင်မကပါဘူး တခြားအခြောက်အခြမ်းဘာညာလည်းပြတ်နေပြီ။ ဟင်းရွက်ကန်းစွန်းကလည်းစျေးတက်နေပြီ။မိုးကုတ်မြို့ကုန်ကားမဝင်တာလဝက်လောက်ရှိနေပြီ။တမြို့လုံးကဘာမှမထွက်တာလေ။ကုန်ကားပေးမဝင်တော့ ဆန်၊ဆီ တခြားဘာညာရော ။ဆေးဝါးတွေကတော့ရောဂါမဖြစ်လို့ကျန်းမာနေလို့လားမသိကျန်သေးတယ်။ဆန်တွေဘာတွေ ဆိုင်မှာဝယ်မရတော့ဘူး။ခုလှူဖို့အတွက်ကို ရှာမရတော့ဘူး။ဆီ ၊ချက်စားစရာလည်းအတူတူပဲ။ ” လို့ မိုးကုတ်အရှေ့ပိုင်းမှာအလှူရှင်တွေကိုယ်စား ဆန်တွေလိုက်လှူပေးနေတဲ့ ဒေသခံတယောက်ကပြောပါတယ်။ ဒါကြောင့် ဒေသခံလူမှုကူညီရေးသမားတွေအနေနဲ့လည်း ငွေကြေးမပြည့်စုံတဲ့ ဆန်လိုအပ်ချက်ရှိနေတဲ့ အိမ်ထောင်စုတွေကို အရင်ကဆန်လှူဒါန်းနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ဆန်ဝယ်ယူလို့မရတဲ့အခြေအနေကြောင့် ငချိတ်ဆန်၊ ပြောင်းဖူးကွေကာ၊အာလူး၊ကိတ်ခြောက်၊ခေါက်ဆွဲခြောက်အပါအဝင် အချို့ကိုပြောင်းလဲလှူဒါန်းနေရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ” အခုက ဆန်က ဝယ်ဖို့အရမ်းခက်လာတဲ့။ဝယ်ယူလို့ကိုမရဘူးဖြစ်လာတာပေါ့။ဝယ်လို့ရတဲ့နေရာဆိုလည်း တယောက်ကို တပြည်ပဲရောင်းတယ်။ဒါလည်းလူအကန့်အသတ်နဲ့ပါ။ပရဟိတသမားတွေဆိုလည်း ခုငချိတ်ဆန်ရသလောက်ဝယ်ပြီး လှူနေရတာမျိုးတွေ့ရတယ်။တချို့ငွေကြေးပြည့်စုံသူကတော့ ကြိုဝယ်ထားတာတွေရှိကြတယ်။အခုအခြေခံလူတန်းစားတွေအဓိကပိုဒုက္ခရောက်ရတယ် ”…

Read More

မြောက်ကိုရီးယား ဒရုန်းတွေကို အရည်ဖျော်ချပစ်မယ့် လေဆာလက်နက်တွေ တောင်ကိုရီးယား ဖြန့်ကြက်မယ်

  ဆိုးလ်၊ ဇူလိုင်-၁၂-၂၀၂၄ မျိုးဆက် (VOM) တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေကို အရည်ဖျော်ချပစ်နိုင်တဲ့ လေဆာလက်နက်ကို ယခုနှစ်အတွင်းမှာ စတင်အသုံးပြုတော့မယ်လို့ တောင်ကိုရီးယားလက်နက်ဝယ်ယူရေး အေဂျင်စီက ဒီနေ့ဇူလိုင် ၁၂ ရက်မှာ အေအက်ပီ သတင်းဌာနကို ပြောပါတယ်။ StarWars အမည်ပေးထားတဲ့ စီမံကိန်းမှာ အသုံးပြုမယ် ဒီလေဆာလက်နက်အသစ်တွေဟာ မမြင်နိုင်တဲ့အပြင် ဆူညံသံမရှိဘဲ အပိုခဲယမ်းတွေမလိုအပ်ဘူးလို့ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအဖွဲ့ (DAPA)က ပြောပါတယ်။ ဒါအပြင် ပစ်ခတ်မှု ကုန်ကျစရိတ်နည်းပါးပြီး တချက်ပစ်တိုင်း ၁ ဒသမ ၄၅ ဒေါ်လာသာ ကုန်ကျတယ်လို့ ဆိုပါတယ်။ Hanwha Aerospace ကုမ္ပဏီက တီထွင်ထားတဲ့ Block-I စနစ် လေဆာလက်နက်တွေကို ယခုနှစ်အတွင်း တောင်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာ အစီအစဉ်တွေမှာ အသုံးပြုဖို့ထည့်သွင်းထားကြောင်း ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအဖွဲ့ တာဝန်ရှိသူ လီဆန်ယွန်းက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ၁၉၅၀-၅၃ ခုနှစ်…

Read More

နိုင်ဂျာမှာ စစ်သွေးကြွတွေ ထောင်ဖောက်ပြေးလို့ ညမထွက်ရအမိန့် ကြေညာ

  နီယာမေ၊ ဇူလိုင်-၁၂-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျာနိုင်ငံမှာ စစ်သွေးကြွတွေအများအပြားကို ထိန်းသိမ်းထားတဲ့ လုံခြုံရေးထူထပ်တဲ့အကျဉ်းထောင်ကနေ အကျဉ်းသားအများအပြား ထွက်ပြေးလွတ်မြောက်သွားမှုကြောင့် တီလာဘာရီဒေသမှာ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ အခုလို ထောင်ဖောက်မှုဟာ မြိုကတော်နီယာမေရဲ့မြောက်ဘက် မိုင် ၃၀ အကွာရှိ ကိုတိုကာလီအကျဉ်းထောင်မှာ မနေ့က ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေကဆိုပါတယ်။ ဒီထောင်မှာ ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ်တို့မှာလည်း ထောင်ဖောက်ဖို့ ကြိုးစားမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အကျဉ်းသားဘယ်လောက် ထွက်ပြေးလွတ်မြောက်သွားလဲဆိုတာကိုတော့ နိုင်ဂျာပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အယ်လ်ကေဒါနဲ့ အိုက်အက်စ်နဲ့ ဆက်နွယ်နေသူတွေ လွတ်မြောက်တဲ့အထဲမှာ ပါဝင်တယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း တီလာဘာရီဒေသမှာ အယ်လ်ကေဒါနဲ့ ဆက်နွယ်နေတဲ့စစ်သွေးကြွတွေရဲ့ တိုက်ခို်ကမှုကြောင့် စစ်သား ၁၄ ယောက်သေဆုံး၊ ၁၁ ယောက်ဒဏ်ရာရကာ ၂၄ ယောက်ပျောက်ဆုံးနေပါတယ်။ နိုင်ဂျာနဲ့ အိမ်နီချင်း စစ်အာဏာသိမ်းနိုင်ငံတွေဖြစ်တဲ့…

Read More

လားရှိုးမြို့ထဲ လက်နက်ကြီးတွေ ဆက်တိုက် ကျနေပြီး လူ၊ နေအိမ် ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာ

  ဇူလိုင် ၁၂၊ ၂၀၂၄ Shy V (VOM) လားရှိုးမြို့ထဲမှာ ဇူလိုင် ၁၁ ရက်နေ့ကစ လက်နက်ကြီးတွေ ဆက်တိုက် ကျနေပြီး လူ နဲ့ နေအိမ် ထိခိုက်မှု၊ သေဆုံးတာတွေ မြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ရပ်ကွက် ၉၊ အမှတ် ၁၉ ကျောင်းရှေ့ဘက်လည်း ဒီမနက် လက်နက်ကြီးကျလို့ မီးလောင်နေတယ်လို့ သိရတယ်။ ရပ်ကွက် ၁ နယ်မြေ ၁၊ ပါရမီ လမ်းသွယ် ၃ ဘက်ရော လက်နက်ကြီးကျလို့ မီးလောင်နေတယ် ဒီ မနက် အစောပိုင်းက။ လက်နက်ကြီးရော၊ လက်နက်သေးရော ပစ်ခတ် သံတွေကြား နေရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မနေ့ည ပိုင်း လက်နက်ကြီးထိ သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ၊ ထိခိုက်ဒဏ်ရာ…

Read More
VOM News

FREE
VIEW