လားရှိုးမြို့ထဲ လက်နက်ကြီးတွေ ဆက်တိုက် ကျနေပြီး လူ၊ နေအိမ် ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာ

 

ဇူလိုင် ၁၂၊ ၂၀၂၄
Shy V (VOM)

လားရှိုးမြို့ထဲမှာ ဇူလိုင် ၁၁ ရက်နေ့ကစ လက်နက်ကြီးတွေ ဆက်တိုက် ကျနေပြီး လူ နဲ့ နေအိမ် ထိခိုက်မှု၊ သေဆုံးတာတွေ မြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ရပ်ကွက် ၉၊ အမှတ် ၁၉ ကျောင်းရှေ့ဘက်လည်း ဒီမနက် လက်နက်ကြီးကျလို့ မီးလောင်နေတယ်လို့ သိရတယ်။ ရပ်ကွက် ၁ နယ်မြေ ၁၊ ပါရမီ လမ်းသွယ် ၃ ဘက်ရော လက်နက်ကြီးကျလို့ မီးလောင်နေတယ် ဒီ မနက် အစောပိုင်းက။ လက်နက်ကြီးရော၊ လက်နက်သေးရော ပစ်ခတ် သံတွေကြား နေရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မနေ့ည ပိုင်း လက်နက်ကြီးထိ သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ၊ ထိခိုက်ဒဏ်ရာ ရတဲ့ ပြည်သူတွေကို ဒီမနက်မှာ လိုက်လံ ကူညီ သယ်ဆောင်ပေးနေတာ တွေ့ရတယ်လို့ဘဆိုပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက် ဒဏ်ရရာ သူတွေ အရေအတွက်က ဖုန်းလိုင်းခက်ခဲတာကြောင့် အတိအကျမသိရဘူး လို့ဆိုပါတယ်။

“နေ့ညနေ လားရှိုး သုံးတောင့် အကွေ့နားက ကား ပစွစည်းဆိုင်မှာ လက်နက်ကြီး ထိလို့ မီးလောင်သွားတယ်။ အဲနား ဝပ်ရှော့ ဆိုင်လည်း ရှိတယ်။ ကချင်ဘရားကျောင်းဘက်ရော၊ ကရင်ဘရားကျောင်းဘက်ရော၊ အထက ၁ ဘက်ရော၊ တက္ကသိုလ် နားဘက်ရောကျတယ်။ ရပ်ကွက်တော်တော်များများမှာ ကျတယ်။ သေတဲ့သူတွေရော ထိတဲ့ သူတွေရော ရှိတယ်။ ဖုန်းတွေလည်း ဆက်ရခက်တော့ ဘာမှ အတိအကျ မသိရဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ရပ်ကွက် ဝောာ်တော်များများမှာ လက်နက်ကြီးတွေကျနေတာ ဖြစ်ပြီး မီးလည်းမလာ မိုးလည်းရွာတာကြောင့် တချို့တွေက ဖုန်းအားသွင်းစရာ မရှိလို့ စက်ပိတ် ကုန်ကာ အဆက်အသွယ် မရဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် ယမန်နေ့ည သန်းခေါင်ခန့်မှာ သိန္နီမြို့ရှိ စာသင်ကျောင်းလည်း လက်နက်ကြီးကျ လို့ ပျက်စီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ကွတ်ခိုင် အနီး နွားခြံနဲ့ သိန္နီမြို့မှာ သိန္နီ မြို့က အုပ်ချုပ်ရေးရုံးဘက်နဲ့ ရဲစခန်းဘက်လည်း လက်နက်ကြီးကျခဲ့တာကြောင့် ထိခိုက်၊သေဆုံးမှု ရှိခဲ့ပြီး အဆောက်အဦးတွေလည်း ပျက်စီးတာရှိခဲ့ပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #လက်နက်ကြီးကျ #ထိခိုက်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW