ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးရေးအတွင်း သေနတ်နဲ့ ပစ်ခတ်ခံရ

 

ဝါရှင်တန်၊ ဇူလိုင်-၁၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စုဝေးပွဲမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာအနည်းငယ်ရရှိသွာပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ်လာမြို့မှာ ဖြစ်ပွားခဲ့ ဒီဖြစ်စဉ်အတွင်း ထရန့်ကို လုပ်ကြုံဖို့ ကြိုးပမ်းသူအမျိုးသားကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က အသေပစ်ခတ်ခဲ့ရပါတယ်။

“ ဝီကနဲအသံနဲ့ ကျည်ဆန်က နားအရည်ပြားကို ဖောက်သွားတယ်” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း သေနတ်သမားအပြင် ပရိတ်သတ်တယောက်လည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်မှုမဖြစ်ခင် ရိုင်ဖယ်သေနတ်တလက်နဲ့ အမျိုးသားတယောက် ခေါင်မိုးပေါ်ကို တက်သွားတာတွေ့ရကြောင်း မျက်မြင်သက်သေတယောက်က ဘီဘီစီကို ပြောပါတယ်။

သေနတ်သံကြားရဲပြီးနောက် ထရန့်ဟာ ငုံ့ရှောင်လိုက်ပေမယ့် ပြန်ထလာချိန်မှာတော့ သူ့နားရွက်နဲ့ ပါးပြင်မှာ သွေးစတွေနဲ့ ပြန်မတ်တပ်ရပ်ပြီးနောက် ထောက်လှမ်းရေးတွေက သူ့ကိုဝိုင်းရံပြီး ဘေးကင်းလုံခြုံတဲ့နေရာခေါ်သွားခဲ့ပါတယ်။

အမေရိကန်အစိုးရနဲ့ သမ္မတဂျိုးဘိုင်ဒင်အပေါ် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေချိန်မှာ သေနတ်သံတွေ ထွက်ပေါ်လာတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

Ref:BBC
Photo: AP/Getty Images

#Voiceofmyanmar #VOM #အမေရိကန် #သမ္မတ #ဒေါ်နယ်ထရန့် #ပစ်ခတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW