လုပ်ကြံမှုကနေ လွတ်မြောက်ခဲ့တဲ့ ဒေါ်နယ်ထရန့် ဆေးရုံကဆင်း၊ ရီပတ်ဘလီကန် အစည်းအဝေး တက်ရောက်ဖွယ်ရှိ

 

ဝါရှင်တန်၊ ဇူလိုင်-၁၄-၂၀၂၄
မျိုးဆက်(VOM)

သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကနေ လွတ်မြောက်လာခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ အခြေအနေကောင်းမွန်ပြီး မီလ်ဝါကီးမှာ ကျင်းပမယ့် ရီပတ်ဘလီကန်အစည်းအဝေးကို တက်ရောက်ဖွယ်ရှိနေတယ်လို့ ရီပတ်ဘလီကန်အမျိုးသားကော်မတီနဲ့ ထရန့်ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

သမ္မတဟောင်းထရန့်ဟာ ပန်ဆယ်ဗေးနီးယားမှာ ကျင်းပတဲ့ လူထုစုဝေးပွဲတခုမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး နားမှာဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။

“ကျည်ဆန်က ဝီကနဲမြည်ပြီး ညာဘက်နားရွက်အရေပြားကို ဖောက်ထွက်သွားတယ်။ အော်ဟစ်သံ ပစ်ခတ်သံတွေကြားရပြီး သွေးတွေအများကြီး ထွက်လာတာကို ချက်ချင်းခံစားလိုက်ရပြီးနောက် ဘာဖြစ်တယ်ဆိုတာကို သဘောပေါက်လိုက်တယ်” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ဒီနောက်မှာတော့ ထရန့်ဟာ လူမှုကွန်ရက်ကနေ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ သေဆုံး ဒဏ်ရာရသူတွေအတွက် လွန်စွာဝမ်းနည်းကြောင်း ပြောပါတယ်။

“ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုလုပ်ရပ်မျိုး ဖြစ်ပေါ်လာတယ်ဆိုတာ မယုံနိုင်စရာပါ။ အခု သေသွားတဲ့ သေနတ်သမားအကြောင်း အသေးစိတ်မသိရသေးပါဘူး”လို့ ထရန့်ကဆိုပါတယ်။

ပြိုင်ဘက်သမ္မတလောင်းဖြစ်သူ ခုလို ပစ်ခတ်ခံရပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့စီစဉ်ထားတဲ့ ခရီစဉ်တခုကနေပြန်လာပြီး ဒီအဖြစ်အပျက်ပြီးချိန်မှာ ထရန့်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ကြောင်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။

သမ္မတဟောင်း ထရန့် ဒီလိုပစ်ခတ်လုပ်ကြံခံခဲ့ရတာနဲ့ပတ်သက်ပြီး ကမ္ဘာနိုင်ငံအသီးသီးက ခေါင်းဆောင်တွေက ရှု့တ်ချပြောဆိုမှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြပါတယ်။

Ref:NHK
Photo:AP

#Voiceofmyanmar #VOM #အမေရိကန်သမ္မတဟောင်း #ဒေါ်နယ်ထရန့် #လုပ်ကြံမှု #ဆေးရုံဆင်း

Related posts

Leave a Comment

VOM News

FREE
VIEW