ဟားမတ်စ် စစ်ရေးခေါင်းဆောင်ကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၉၀ ကျော်သေဆုံး

 

ဂါဇာစီးတီး၊ ဇူလိုင်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ သတ်မှတ်ဧရိယာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခို်ကမှုဟာ ဟားမတ်စ် စစ်ရေးထိပ်တန်းခေါင်းဆောင် မိုဟာမက်ဒီယက်ဖ်နဲ့ သူ့ရဲ့လက်ထောက် ရာဖာဆာလာမာတို့ကို ပစ်မတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးက ပြောဆိုထားပြီး လူ ၃၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့နှစ်ယောက် သေမသေတော့ အတည်ပြုလို့မရသေးဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့ညကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဟားမတ်စ်ခေါင်းဆောင်တွေအားလုံးကို ရှင်းလင်းဖယ်ရှားပစ်မယ်လို့ နေတန်ယာဟုက ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာဇုန်အဖြစ် သတ်မှတ်ထားတဲပ ခန်းယွန်နစ်အနီးရှိ အယ်လ်မာဝါဆီ ဒေသကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးဟာနီယာ့ကတော့ နေတန်ယာဟုဟာ ဂါဇာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို လုပ်ဆောင်ပြီး ဂါဇာစစ်ပွဲ အဆုံးသတ်ရေးကို ပိတ်ပင်တားဆီးနေတယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ် #ဂါဇာ #လေကြောင်းတိုက်ခိုက်မှု #၉၀ကျော်သေ

Related posts

Leave a Comment

VOM News

FREE
VIEW