ကျိုင်းတုံ – တာချီလိတ်လမ်းမှာ ကားနှစ်စီးတိုက်မိလို့ ကားပေါ်ပါ လူခြောက်ယောက် မီးလောင်သေဆုံး

ဇူလိုင် ၁၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ်လမ်း၊ လွယ်မွေအုပ်စု၊ ပန်လော့ အထက်ရွာက နတ်စင်အနီးမှာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၈ နာရီခန့်က ကား ၂ စီးမျက်နှာချင်းဆိုင် တိုက်မိလို့ ကားပေါ်ပါ လူ ၆ ယောက် မီးလောင်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကိုယ်ပိုင်ကား အိမ်စီးကားပါ။ အဲဒီ ကားပေါ်ပါတဲ့ လူ ၆ ယောက် စလုံး သေဆုံးသွားတာပါ။ ပန်လော့ အထက်ရွာဘက် နတ်စင်အနီး မိုင်တိုင်အမှတ် ၆၅၁/၆၅၂ ကြားမှာ။ အိမ်စီးကားနဲ့ ၁၂ ဘီးကား” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ၁၂ ဘီး ကားက တာချီလိတ် ဘက်ကနေ…

Read More

စဉ်ကူးမြို့အနီးထိ တိုက်ပွဲပြင်းထန်လာပြီး မြို့ထဲလက်နက်ကြီးကျလို့ အရပ်သားထိခိုက်မှုရှိကာ မြို့အဝင်လည်း ပိတ်ထား

  ဇူလိုင် ၁၅ – ၂၀၂၄ GG (VOM) စဥ့်ကူးမြို့အနီးဝန်းကျင်အထိ တိုက်ပွဲတွေဖြစ်ပွားကာ PDF နဲ့ နစကတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ထဲကို လက်နက်ကြီးကျရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက စဥ့်ကူးမြို့အနီးနဲ့ ရတနာသိင်္ခခေါ် ဧရာဝတီမြစ်ကူး ကျောက်မြောင်း တံတားဘက်မှာ ယနေ့ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ “အသံတွေကြားနေရတယ်။ပစ်ခတ်မှုတွေရှိနေတယ်။ဒါပေမယ့်မြို့ထဲထိတော့နှစ်ဖက်ထိတွေ့တာမရှိသေးဘူး။လက်နက်ကြီးကျတာတော့ရှိတယ်။ PDF တွေဘက်ကခုတိုက်နေတဲ့ကျောက်မြောင်းဘက်ကိုရရင်တော့မြို့ထဲကိုရောက်လာဖို့များသွားပြီ။ဘာလို်ဆိုအခုက ကျန်တဲ့ရွာတွေဘက်ကို အကုန်သူတို့သိမ်းထားတာ ။ ” လို့ စဥ့်ကူးမြို့ခံတယောက်ကပြောပါတယ်။ လက်ရှိစဥ့်ကူးမြို့ပေါ်မှာ စဥ့်ကူးရဲစခန်းနဲ့ထုံးကြီးရဲစခန်းအထိုင်ရှိနေသေးတဲ့အပြင် စစ်သားတွေလည်းရှိသလိုပြည်သူ့စစ်အဖွဲ့တွေလည်းရှိနေပြီး မြို့အပြင်ကိုအခြေအနေပေါ်လိုက်ပြီး ထွက်ခွင့်ပြုပေမယ့် မြို့ဝင်ခွင့်ကတော့ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” အခုက မြို့ကိုဝင်မရဘူး။အထွက်ပဲရတယ်။စစ်တပ်ကပဲမြို့ကိုထိန်းချုပ်ထားသေးတယ်လေ။ဒီဘက်ကလက်ပန်လှ၊ရွှေပြည်၊နွယ်ရုံအပါရွာတွေကတော့ PDF တွေပဲရှိတယ်။အခုကမြို့ကိုရဖို့ပဲကျန်တဲ့ပုံဆိုတော့မြို့နားမှာဖြစ်နေတာပေါ့။” လို့ လက်ပန်လှဒေသခံတယောက်ကပြောပါတယ်။ စဥ့်ကူးမြို့ခံတွေထဲမှာတော့ စစ်ဘေးကြိုတင်တိမ်းရှောင်သူတွေရှိသလို နေအိမ်မှာပဲ နေထိုင်သူအများအပြားရှိနေသေးတယ်လို့သိရပါတယ်။ စဥ့်ကူးမြို့နယ်မှာ တော့…

Read More

ဘဏ်တွေနဲ့ ATM တွေမှာ ပုံမှန်အတိုင်း ငွေထုတ်ယူနိုင်ပြီလို့ ကြေညာပေမယ့် အကန့်အသတ်နဲ့ ထုတ်ပေးမှုအချို့ရှိနေ

  ဇူလိုင် ၁၅ – ၂၀၂၄ GG (VOM) ဘဏ်တွေမှာ ဒီနေ့ဇူလိူင်လ ၁၅ ရက်ကစပြီး ATM စက်တွေကနေ ပုံမှန်အတိုင်း ငွေသားပြန်ပြီးထုတ်ယူလို့ရတဲ့အပြင် ဘဏ်အကောင့်တွေကနေလည်း သတ်မှတ်ချက်အတိုင်း ငွေသားပြန်လည်ထုတ်ပေးနေပြီဖြစ် တယ်လို့ ဘဏ်အသီးသီးက အသိပေးလာပေမယ့် မြေပြင်မှာတော့ အကန့်အသတ်နဲ့သာထုတ်ပေးနေတာအချို့ရှိနေသေးတယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။ “မနက် ၁၀ နာရီ ဘဏ်ရောက်တော့ ကျွန်မ အရှေ့မှာ အယောက် ၅၀ လောက်ရှိပါတယ် ။မေးကြည့်တော့သူတို့လည်း အကုန် ၅ သိန်းစီဘဲ ရကြတယ်။ ကျွန်မအသိတွေလိုက်မေးတာလည်း သာကေတမှာလည်း၅သိန်းပဲပေးတယ်တဲ့။ပမာဏကအဆင်မပြေဘူးလေ ” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်ကပြောပါတယ်။ ဘဏ်တွေစဖွင့်ချိန်မနက်အစောပိုင်းလောက်မှာသာ ATM ကတ်တွေကနေ ၁၀ သိန်းကျပ်၊ Old account ကနေ ငွေသားသိန်း ၁၀၀ ထုတ်ရသလို Special account ကနေ ငွေသားအကန့်အသတ်မရှိထုတ်ပေးတာဖြစ်ပြီး…

Read More

နျူကလီးယား ကာကွယ်ရေးနဲ့ စစ်ဆင်ရေး လမ်းညွှန်ချက်သစ် အမေရိကန်နဲ့ တောင်ကိုရီးယား ချမှတ်

  ပြုံးယမ်း၊ ဇူလိုင်-၁၅ မျိုးဆက်(VOM) ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားတားဆီးကာကွယ်ရေးနဲ့ စစ်ဆင်ရေးတွေအတွက် လမ်းညွှန်ချက်သစ်ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သဘောတူလိုက်တဲ့အပေါ် မြောက်ကိုရီးယားက ရှုတ်ချပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံသဘောတူခဲ့တဲ့ အစီအမံတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို တားဆီးမှု း အားကောင်းစေမယ့် အခြေခံအချက်တွေပါဝင်ကြောင်း တောင်ကိုရိးယား တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ သမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတယွန်းဆွတ်ယိုးတို့ လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ကြားသဘောတူမှုဟာ မြောက်ကိုရီးယားနဲ့ နျူကလီးယားစစ်ပွဲအတွက် ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောဆိုပါတယ်။ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုများကြောင့် မြောက်ကိုရီးယားဟာ နျူကလီးယား ကာကွယ်တားဆီးရေး အဟန့်အတားကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်ကြောင်းသူက ပြောပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားတို့က ပိုမိုရန်စတဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေပါက ထင်ထားတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပါတယ်။ ဒါအပြင် ရုရှားကို မြောက်ကိုရီးယားက စစ်ရေးအရ ပံ့ပိုးနေကြောင်း နေတိုးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း မြောက်ကိုရီးယားက ရှုတ်ချထားပါတယ်။…

Read More

တောဖျားချောင်းဒေသက စစ်ရှောင်တွေ ဝမ်းရောဂါဖြစ်ပွားနေမှု ဆေးဝါးပြတ်လပ်လို့ အခက်ကြုံနေ

  ဇူလိုင် ၁၅ – ၂၀၂၄ SN (VOM) ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ကျေးရွာတွေမှာ ငှက်ဖျားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးရှားပါးတာကြောင့် ဆေးကုသဖို့ အခက်အခဲတွေရှိနေတယ်လို့ ‌စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ တောဖျားချောင်းဒေသရှိ ဆင်သည်၊ ဂန့်ဂါ(ခမီ)၊ ဂန့်ဂါ(ရခိုင်)၊ ဆင်သီဖျား၊ တွင်းဆင်သည်၊ ဩရမ၊ လွန်ပူ၊ ဒိပ္ပ၊ သလူချောင်း၊ ခွေးသေ၊ ဖားကြွယ်၊ ကြက်ချေ၊ ဂြစ်ချောင်း၊ မူးပြင်၊ ဆင်ဂေါင်း အစရှိတဲ့ ကျေးရွာ ၁၁ ရွာမှာ စစ်ဘေးရှောင်နဲ့ ဒေသခံ ၁၀၀၀ ကျော် ငှက်ဖျားရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါး လုံလောက်မှုမရှိ ဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူက ပြောပါတယ်။ “မိုးတွင်းကာလပေမယ့် အမိုးအကာ လုံလုံလောက်လောက် မရှိဘူး။ ခြင်ထောင်လည်း မလုံလောက်ဘူး။ အဲဒီတော့…

Read More

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ထိပ်တန်းတပ်မှူး သေဆုံး

  တဲလ်အဗစ်၊ ဇူလိုင်-၁၅-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသကို ပြီးခဲ့တဲ့နေ့က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ် ထိပ်တန်းတပ်မှူး တယောက်ဖြစ်တဲ့ ရာဖာဆာလာမာ သေဆုံးသွားကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဟားမတ်စ်အဖွဲ့ကတော့ ရာဖာဆာမာလာ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဂါဇာရှိ ခန်းယွန်နစ်မြို့ လူသားချင်းစာနာမှုဇုန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ အစ္စရေးက ပြောဆိုပေမယ့် ဒါဟာမှားယွင်းပြီး တိုက်ခို်ကမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်သွားမယ်လို့ ဟားမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။ ခန်းယွန်နစ်အနောက်ဘက် အယ်လ်မာဝါစီဧရိယာကို အစ္စရေးစစ်လေယာဉ် ငါးစင်းထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ခန်းယွန်နစ်အခြေစိုက် ဟားမစ်တပ်ဖွဲ့ရဲ့ တပ်မှူးဖြစ်သူ ဆာလာမာဟာ ဟားမတ်စ်ထိပ်တန်းတပ်မှူး မိုဟာမက်ဒီယက်ဖ်ရဲ့ အနီးကပ်တွဲဖက်တယောက်ဖြစ်ပါတယ်။ ဆာလာမာ သေဆုံးမှုဟာ ဟားမတ်စ်တို့ရဲ့ စစ်ရေးစွမ်းရည်ကို သိသိသာသာ…

Read More

စစ်ဆင်ရေး လေးရက် ရပ်ဆိုင်းမယ်လို့ MNDAA ထုတ်ပြန်ပေမယ့် လားရှိုးမှာ ညပိုင်းအထိ တိုက်ပွဲပြင်းထန်

  ဇူလိုင် ၁၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး တဝိုက် စစ်ဆင်ရေး ၄ ရက် ရပ်ဆိုင်းကြောင်း ဇူလိုင်လ ညပိုင်း ၁၁ နာရီ ခွဲ ခန့်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အပစ်ခတ် ရပ်မရပ်တော့ မသိဘူး။ တနေကုန် ၅ဝ၇ တပ်ဘက် ကြမ်းနေတာ။ ခဏခဏ စက်သေနက်ကြီးတွေနဲ့ ပစ်လိုက်၊ ခဏနေ မြို့ထဲက ရပ်ကွက်တွေထဲ လက်နက်ကြီးတွေကျလာလိုက်၊ ခဏနေ အုန်း ဒိုင်းနဲ့ RPG တွေနဲ့ထုလိုက်နဲ့ ဘယ်ဘက် ပစ်လို့ ပစ်မှန်းလည်း မသိဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ MNDAA ဘက်ကတော့ တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ ၂၀ ကြိမ်မြောက်…

Read More

ကချင်ပြည်နယ်ထဲ စက်သုံးဆီကားတွေ ဝင်ခွင့်မပြုတဲ့အတွက် ဆီရှားပါးပြတ်လပ်မှု ပိုမိုဆိုးရွားလာ

  ဇူလိုင် ၁၅ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နစကရဲ့ နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်ကနေ တက်လာတဲ့ ဆီဘောက်ဆာကားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတဲ့အတွက် ဆီရှားပါးပြီး စျေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအစပိုင်း ကတည်းက ဆီဘောက်ဆာကားတွေကို ကချင်ပြည်နယ်ထဲ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း တလခွဲလောက် ကြာမြင့်နေပြီဖြစ်ကာ ရာနဲ့ချီတဲ့ ဆီကားတွေဟာ နန့်စီးအောင်ဂိတ်နဲ့ အင်းတော်မြို့နယ်ထဲမှာ ပိတ်မိနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ကားတွေ ဖြတ်သန်းခွင့်မပြုတော့ ဆီကုန်သည်တချို့က ဆီကိုပုံးထဲထည့်ပြီး ဆိုင်ကယ်နဲ့ သယ်နေကြရတယ်။ တချို့က ဆိုင်တွေအတွက် သယ်ကြတာရှိသလို တချို့ ကယ်ရီသမားတွေကတော့ မိုးညှင်းမြို့နယ် လမ်းတကြောမှာရှိတဲ့ ပြည်သူတွေကို ပြန်ရောင်းချပေးနေတာတွေလည်းရှိတယ်။ ဆိုင်ကယ်တစီးကို အမျိုးသားဆိုရင် ၅…

Read More

ဂျပန်မှာ ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား ငါးသိန်းကျော် လိုအပ်နေ

  တိုကျို၊ ဇူလိုင်-၁၅-၂၀၂၄ မျိုးဆက်(VOM) သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာတဲ့ ဂျပန်နိုင်ငံမှာ လာမယ့် ၂၀၄၀ ခုနှစ်မှာ စောင့်ရှောက်ရေးလုပ်သား ငါးသိန်းခုနှစ်သောင်းကျော် လိုအပ်လာမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ တာဝန်ရှိသူတွေဟာ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာတဲ့အပေါ် စီရင်စုတခုချင်းစီအလိုက် သုံးနှစ်တကြိမ်ရေးဆွဲထားတဲ့ အစီအစဉ်တွေအပေါ် မူတည်ပြီး ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား လိုအပ်ချက်ကို အကဲဖြတ်တာဖြစ်ပါတယ်။ ကျန်းမာရေး၊ အလုပ်သမားနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနဟာ ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား ၂ ဒသမ ၄ သန်းနဲ့ ၂၀၄၀ ခုနှစ်မှာ ၂ ဒသမ ၇၂ သန်းလိုအပ်မယ်လို့ ထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ်မှာတော့ ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား ၂ ဒသမ ၁၅ သန်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ လုပ်သားအရေအတွက်ဟာ ၂၀၄၀ ခုနှစ်ထိ နှစ်စဉ်နှစ်တိုင်း သုံးသောင်းနှစ်ထောင်ကျော် လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲပ လုပ်ငန်းခွင်အခြေအနေတွေ ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်ပနိုင်ငံသားတွေကို…

Read More
VOM News

FREE
VIEW