ကျိုင်းတုံ – တာချီလိတ်လမ်းမှာ ကားနှစ်စီးတိုက်မိလို့ ကားပေါ်ပါ လူခြောက်ယောက် မီးလောင်သေဆုံး

ဇူလိုင် ၁၅၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ်လမ်း၊ လွယ်မွေအုပ်စု၊ ပန်လော့ အထက်ရွာက နတ်စင်အနီးမှာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၈ နာရီခန့်က ကား ၂ စီးမျက်နှာချင်းဆိုင် တိုက်မိလို့ ကားပေါ်ပါ လူ ၆ ယောက် မီးလောင်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကိုယ်ပိုင်ကား အိမ်စီးကားပါ။ အဲဒီ ကားပေါ်ပါတဲ့ လူ ၆ ယောက် စလုံး သေဆုံးသွားတာပါ။ ပန်လော့ အထက်ရွာဘက် နတ်စင်အနီး မိုင်တိုင်အမှတ် ၆၅၁/၆၅၂ ကြားမှာ။ အိမ်စီးကားနဲ့ ၁၂ ဘီးကား” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

၁၂ ဘီး ကားက တာချီလိတ် ဘက်ကနေ ကျိုင်းတုံ ဘက်ကို မောင်းနှင်လာတာဖြစ်ပြီး အိမ်စီးကား SUCCEED ယာဉ်အမှတ် 6L- 4836 က ကျိုင်းတုံဘက်ကနေ တာချီလိတ်ဘက် မောင်းနှင်လာတာမှာ မျက်နှာချင်းဆိုင်တိုက်မိသွားတာလို့ သူက ပြောပါတယ်။

SUCCEED အိမ်စီးကား ပေါ် ယာဉ်မောင်းအပါ လူ ၆ ယောက် မီးလောင်သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။

အဲဒီ SUCCEED ယာဉ်အမှတ် 6L- 4836 ကား ပေါ်ပါ လူ ၆ ယောက်ကို သိရှိသူတွေ အနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေဆီ အကြောင်းပေးဖို့ ဒေသအခြေစိုက် ရှမ်းအရှေ့သတင်းမဏ္ဍိုင် မှာ ဖော်ပြထားပါတယ်။

၁၂ ဘီးယာဉ်က ယာဉ်အမှတ် 4/ E-3315 Nissan ဖြစ်ပြီး ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်က ပြင်းထန် ဒါဏ်ရာ ရရှိထားကြောင်းလည်း ဖော်ပြထားပါတယ်။

Photo Crd#ရှမ်းအရှေ့သတင်းမဏ္ဍိုင်
#voiceofmyanmar#VOM#ကျိုင်းတုံ – တာချီလိတ်လမ်းမှာ ကား ၂ စီးမျက်နှာချင်းဆိုင် တိုက်မိလို့ ကားပေါ်ပါ လူ ၆ ဦးမီးလောင်သေဆုံး#

Related posts

Leave a Comment

VOM News

FREE
VIEW