ဂျပန်မှာ ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား ငါးသိန်းကျော် လိုအပ်နေ

 

တိုကျို၊ ဇူလိုင်-၁၅-၂၀၂၄
မျိုးဆက်(VOM)

သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာတဲ့ ဂျပန်နိုင်ငံမှာ လာမယ့် ၂၀၄၀ ခုနှစ်မှာ စောင့်ရှောက်ရေးလုပ်သား ငါးသိန်းခုနှစ်သောင်းကျော် လိုအပ်လာမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

တာဝန်ရှိသူတွေဟာ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာတဲ့အပေါ် စီရင်စုတခုချင်းစီအလိုက် သုံးနှစ်တကြိမ်ရေးဆွဲထားတဲ့ အစီအစဉ်တွေအပေါ် မူတည်ပြီး ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား လိုအပ်ချက်ကို အကဲဖြတ်တာဖြစ်ပါတယ်။

ကျန်းမာရေး၊ အလုပ်သမားနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနဟာ ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား ၂ ဒသမ ၄ သန်းနဲ့ ၂၀၄၀ ခုနှစ်မှာ ၂ ဒသမ ၇၂ သန်းလိုအပ်မယ်လို့ ထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ်မှာတော့ ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား ၂ ဒသမ ၁၅ သန်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် လိုအပ်တဲ့ လုပ်သားအရေအတွက်ဟာ ၂၀၄၀ ခုနှစ်ထိ နှစ်စဉ်နှစ်တိုင်း သုံးသောင်းနှစ်ထောင်ကျော် လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲပ လုပ်ငန်းခွင်အခြေအနေတွေ ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်ပနိုင်ငံသားတွေကို ခေါ်ယူရာမှာလည်း အဆင်ပြေချောမွေ့စေဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စက်မှုနနဲ့ နည်းပညာ အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာသက်ကြီးရွယ်အို မြင့်တက်လာမှုနဲ့အတူ ကလေးမွေးဖွားမှုနှုန်းပြသနာနဲ့ ရင်ဆိုင်နေရပြီး လူ့စွမ်းအားအရင်းအမြစ်နည်းပါးမှုကြောင့် နိုင်ငံရဲ့ လုပ်သားလိုအပ်ချက်တွေမှာ ပြည်ပလုပ်တွေကို မှီခိုနေရပါတယ်။

Ref:NHK
Photo:NHK

#Voiceofmyanmar #VOM #ဂျပန် #ဘိုးဘွားစောင့်ရှောက်ရေးလုပ်သား #လိုအပ်ချက် #ငါးသိန်းကျော်

Related posts

Leave a Comment

VOM News

FREE
VIEW