ဘဏ်တွေနဲ့ ATM တွေမှာ ပုံမှန်အတိုင်း ငွေထုတ်ယူနိုင်ပြီလို့ ကြေညာပေမယ့် အကန့်အသတ်နဲ့ ထုတ်ပေးမှုအချို့ရှိနေ

 

ဇူလိုင် ၁၅ – ၂၀၂၄
GG (VOM)

ဘဏ်တွေမှာ ဒီနေ့ဇူလိူင်လ ၁၅ ရက်ကစပြီး ATM စက်တွေကနေ ပုံမှန်အတိုင်း ငွေသားပြန်ပြီးထုတ်ယူလို့ရတဲ့အပြင် ဘဏ်အကောင့်တွေကနေလည်း သတ်မှတ်ချက်အတိုင်း ငွေသားပြန်လည်ထုတ်ပေးနေပြီဖြစ် တယ်လို့ ဘဏ်အသီးသီးက အသိပေးလာပေမယ့် မြေပြင်မှာတော့ အကန့်အသတ်နဲ့သာထုတ်ပေးနေတာအချို့ရှိနေသေးတယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

“မနက် ၁၀ နာရီ ဘဏ်ရောက်တော့ ကျွန်မ အရှေ့မှာ အယောက် ၅၀ လောက်ရှိပါတယ် ။မေးကြည့်တော့သူတို့လည်း အကုန် ၅ သိန်းစီဘဲ ရကြတယ်။ ကျွန်မအသိတွေလိုက်မေးတာလည်း သာကေတမှာလည်း၅သိန်းပဲပေးတယ်တဲ့။ပမာဏကအဆင်မပြေဘူးလေ ” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်ကပြောပါတယ်။

ဘဏ်တွေစဖွင့်ချိန်မနက်အစောပိုင်းလောက်မှာသာ ATM ကတ်တွေကနေ ၁၀ သိန်းကျပ်၊ Old account ကနေ ငွေသားသိန်း ၁၀၀ ထုတ်ရသလို Special account ကနေ ငွေသားအကန့်အသတ်မရှိထုတ်ပေးတာဖြစ်ပြီး မနက် ၁၀ နာရီနောက်ပိုင်းလောက်မှာတော့ ဘဏ်ရဲ့ငွေသားရှိမှုအပေါ်မူတည်ပြီးသာ အကန့်အသတ်နဲ့သာ ငွေထုတ်ပေးတော့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဘဏ်ကို ေနာက်ကျမှငွေထုတ်သွားတဲ့သူအများစုဟာ ATM ကတ်ကနေ ၃ သိန်းသာထုတ်ရတော့သလို ဘဏ်အကောင့်ကနေဆိုရင် ၅ သိန်းကနေ ၂၀ လောက်သာ ဘဏ်အများစုကထုတ်ပေးတော့တယ်လို့ ဘဏ်ဝန်ဆောင်မှုရယူခဲ့သူတွေပြောပြချက်အရသိရပါတယ်။

နယ်ဘက်တွေက ဘဏ်ခွဲအများစုမှာတော့ဘဏ်အကောင့်ကနေ ၃ သိန်းကနေ သိန်း၂၀ အထိသာထုတ်ပေးတယ်လို့သိရပါတယ်။

” ဘားအံမှာ ၃ သိန်းပဲရတယ်။ Special ကတော့၂၀ ရမယ်ပြောတယ်။ ၃ သိန်းရဖို့ကိုစောင့်ရတာနာရီချီကြာပါတယ်။ငွေတကယ်လိုအပ်သူအတွက်၃သိန်းလောက်ကအဆင်မပြေဘူး ” လို့ ဘားအံဒေသခံပြည်သူတယောက်ကပြောပါတယ်။

ဒါ့အပြင် Special account ကနေငွေသားထုတ်ပါက အကန့်အသတ်မရှိထုတ်ယူနိုင်ကြောင်းပြောဆိုထားပေမယ့် ၂၀၀ အထက်ထုတ်မယ်ဆိုရင် ဘာအတွက်ထုတ်ယူလိုတယ်ဆိုတဲ့အကြောင်း အချက်ကို စာတင်ပြီးမှသာ ဘဏ်ဘက်ကထုတ်ပေးတယ်လို့သိရပါတယ်။

” မနက်ပိုင်းဘဏ်စဖွင့်ဖွင့်ချင်းသွား တော့ထုတ်ရကြ တယ်။အခုတော ကတ်ကထုတ်ရင်၃သိန်းပဲရတယ်။အကောင့်က၅သိန်းပဲရတယ်။ တချို့ဘဏ်တွေလည်း အကောင့်ကနေ၂၀အထိရတယ်သိရတယ်။ special acc ကနေဆိုရင်လည်း အကန့်အသန့်မရှိထုတ်နိုင်တယ်ဆိုပေမယ့်၂၀၀ ကျော်ထုတ်ချင်ရင် ဘာအတွက်သုံးဖို့လိုအပ်လို့ထုတ်ချင်တယ်ဆိုတာကိုသူတို့ဘဏ်ဖောင်မှာရေးပြီးထုတ်ရတယ်။အဲ့ဒီမှာ ရွှေ၊အိမ်ခြံမြေ၊ ၊ကား၊ကျောက်မျက် မရပါဘူး ။ ” လို့ ရန်ကုန်က မြေနီကုန်းဘဏ်ခွဲတခုမှာငွေထုတ်ခဲ့တဲ့ပြည်သူတယောက်ကပြောပါတယ်။

ဘဏ်တွေဘက်ကတော့ ATM စက်တွေ ကနေ ငွေသားတွေပြန်လည်ထုတ်ယူနိုင်သလို ဘဏ်အကောင့်ဖြစ်တဲ့ အရင် Old account အကောင့်အဟောင်းကနေဆိုရင် တပတ်ကို သိန်း ၁၀၀ ကျပ်ထုတ်ပေးပြီး Special account ကနေတော့ ငွေသားအကန့်အသတ်မရှိထုတ်ပေးနေတယ်လို့ ဒီနေ့မနက်ပိုင်းမှာ တရားဝင် အသိပေးထားလာတာဖြစ်ပါတယ်။

” Regular Saving Account ကနေ ငွေထုတ်ယူဖို့ Booking ရယူဖို့မလိုအပ်ဘဲ တပတ်မှာ သိန်း ၁၀၀ ကျပ် ထုတ်ယူနိုင်ပါတယ်။ New Business Call Deposit (Special) Account ကဆိုရက် နီးစပ်ရာဘဏ်ခွဲတိုင်းမှာ အကန့်အသတ်မရှိ ထုတ်ယူနိုင်တယ် ။ ” လို့ ဧရာဝတီဘဏ် ဝန်ထမ်းတယောက်ကပြောပါတယ်။

ATM စက်၊bank account တွေကနေ ငွေသားတွေထုတ်ဖို့အတွက် လူများတာကြောင့် တုံကင်ယူရတာ၊တန်းစီရတဲ့စနစ်ကိုကျင့်သုံးနေရဆဲဖြစ်ပါတယ်။

ဘဏ်တွေကနေငွေထုတ်ယူမှုအတိုင်းအတာတခုထိပြန်ရလာတာကြောင့် Kpay ၊ wave money ကနေငွေထုတ်ခနူန်းထားတွေလည်း လျော့ကျသွားတဲ့အပြင် ဆိုင်အများစုက Banking စနစ်နဲ့ငွေပေးချေမှုကိုပြန်ပြီးလက်ခံလာကြတာတွေ့ရပါတယ်။

ဒါအပြင် Kpay တာဝန်ရှိသူတွေဘက်ကလည်း ကိုယ်စားလှယ်တွေအနေနဲ့ ငွေထုတ်ပေး ခြင်းအတွက် သတ်မှတ်ထားတဲ့ ကောက်ခံရမယ့်တရားဝင်နူန်းထားထက် ရာခိုင်နူန်းပိုကောက်ခံခြင်းမလုပ်ဖို့ သတိပေးလာပြီး တကယ်လို့ ေရာခိုင်နူန်း ပိုကောက်ခံပါက အရေးယူမယ်လို့ အသိပေးထားတာကြောင့် ငွေထုတ်ခတွေလျော့ကျလာဖြစ်နိုင်တယ်လို့ သိရပါတယ် ။

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကနေ ငွေသားထုတ်ယူရခက်တဲ့အပြင် အကန့်အသတ်နဲ့သာထုတ်ပေးမှုကိုတော့ ဇူလိုင်လ ၂ ရက်လောက်ကစပြီး ဘဏ်အလိုက် လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ကုန်ပစ္စည်းဖိုးငွေပေးချေမှုကိုပင် အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာကြောင့် ကုန်သည်တွေအပါ ပြည်သူအားလုံးအဆင်မပြေဘဲ အခက်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက်ဗဟိုဘဏ်က ဇူလိုင်လ၁၀ ရက်နေ့မှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံးခဲ့ပြီး ဘဏ်တွေအနေနဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ငွေသားထုတ်ယူခွင့်ပြုဖို့ညွှန်ကြားထားကြောင်း၊ဥပမာအနေနဲ့ပြည်သူတွေအနေနဲ့ မိမိအပ်နှံထားတဲ့ အပ်နှံငွေအမျိုးအစားပေါ် မူတည်ကာ ငွေထုတ်ယူရာမှာ ကွဲပြားမှုရှိနိုင်ပေမယ့် Special Account ဆိုရင် မိမိငွေသားထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်တယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောဆိုခဲ့ ပါတယ်။

ဗဟိုဘဏ်က ဆွေးနွေးပြီး ၅ ရက်အကြာမှာ ဘဏ်တွေကနေ ငွေသားကိုပြန်လည်ထုတ်ပေးလာတာဖြစ်ပေမယ့် အကန့်အသတ်တွေရှိနေတုန်းဖြစ်ပါတယ်။

#Voiceofmyanmar #vom #bank #ATM #old #specialaccount

Related posts

Leave a Comment

VOM News

FREE
VIEW