အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ထိပ်တန်းတပ်မှူး သေဆုံး

 

တဲလ်အဗစ်၊ ဇူလိုင်-၁၅-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသကို ပြီးခဲ့တဲ့နေ့က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ် ထိပ်တန်းတပ်မှူး တယောက်ဖြစ်တဲ့ ရာဖာဆာလာမာ သေဆုံးသွားကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါပေမယ့်လည်း ဟားမတ်စ်အဖွဲ့ကတော့ ရာဖာဆာမာလာ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဂါဇာရှိ ခန်းယွန်နစ်မြို့ လူသားချင်းစာနာမှုဇုန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ အစ္စရေးက ပြောဆိုပေမယ့် ဒါဟာမှားယွင်းပြီး တိုက်ခို်ကမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်သွားမယ်လို့ ဟားမတ်စ်တာဝန်ရှိသူတွေက ပြောပါတယ်။

ခန်းယွန်နစ်အနောက်ဘက် အယ်လ်မာဝါစီဧရိယာကို အစ္စရေးစစ်လေယာဉ် ငါးစင်းထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ခန်းယွန်နစ်အခြေစိုက် ဟားမစ်တပ်ဖွဲ့ရဲ့ တပ်မှူးဖြစ်သူ ဆာလာမာဟာ ဟားမတ်စ်ထိပ်တန်းတပ်မှူး မိုဟာမက်ဒီယက်ဖ်ရဲ့ အနီးကပ်တွဲဖက်တယောက်ဖြစ်ပါတယ်။

ဆာလာမာ သေဆုံးမှုဟာ ဟားမတ်စ်တို့ရဲ့ စစ်ရေးစွမ်းရည်ကို သိသိသာသာ အဟန့်အတားဖြစ်စေတယ်လို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီပစ်မှတ်ထားတိုက်ခိုက်မှုမှာ ဟားမတ်စ်ထိပ်တန်း တပ်မှူး မိုဟာမက်ဒီယက်ဖ် သေဆုံးခြင်းရှိမရှိတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref:BBC
Photo:IDF

#Voiceofmyanmar #VOM #အစ္စရေး #ဂါဇာ #ဟားမတ်စ်တပ်မှူး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW