ကျူးဘားရှိ မြောက်ကိုရီးယား ထိပ်တန်းသံတမန် တောင်ကိုရီးယားကို ထွက်ပြေး

 

ဆိုးလ်၊ ဇူလိုင်-၁၆-၂၀၂၄
မျိုးဆက်(VOM)

ကျူးဘားမှာ တာဝန်ကျနေတဲ့ မြောက်ကိုရိးယား ထိပ်တန်းသံတမန်တယောက်ဟာ မကြာသေးမီက တောင်ကိုရီးယားဘက်ကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ကျူးဘားရှိ မြောက်ကိုရီးယား နိုင်ငံရေးဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တယောက် ဘက်ပြောင်းလာတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မှန်ကန်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။ မကြာသေးမီနှစ်တွေအတွင်း မြောက်ကိုရီးယားဘက်ကနေ တောင်ကိုရီးယားကို ဘက်ပြောင်းခှိုလှုံသူဦးရေလည်း မြင့်တက်လို့လာနေပါတယ်။

မြောက်ကိုရီးယား သံတမန်ဖြစ်သူ ရီအီကျူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဇနီး သားသမီးတွေနဲ့အတူ တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် ချိုဆန်အီဘို သတင်းစာက ရေးသားဖော်ပြထားပါတယ်။

သူဟာ မြောက်ကိုရီးယား နိုင်ငံရေးစနစ်အပေါ် သဘောထားကွဲလွဲမှုတွေရှိနေပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တရားမျှတမှုမရှိတဲ့ အလုပ်အပေါ် အကဲဖြတ်မှု၊ ဆေးကုသရန် မက္ကဆီကိုသို့ သွားရောက်လိုခြင်းကိုလည်း ဝန်ကြီးဌာနက သဘောမတူကြောင်း သတင်းစာက ဖော်ပြထားပါတယ်။

သူဟာ အာရုံကြော ပျက်စီးမှုဆိုင်ရာ ရောဂါခံစားနေရပြီး နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့် ကျူးဘားရှိဆေးရုံတွေမှာ သူ့ရဲ့ကျန်းမာရေးပြသနာကို ကုသဖို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ မရှိကြောင်း သူက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:AP
Photo:AP

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #့ကျူးဘား #သံတမန် #တောင်ကိုရီးယား #ထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW