ဖိလစ်ပိုင်ပိုင်ကို ဖိအားပေးဖို့ရည်ရွယ်ပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်

 

ပေကျင်း ၊ ဇူလိုင်-၁၆
မျိုးဆက်(VOM)
ဒေသတွင်းမှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်မှုအဖြစ် တရုတ်နဲ့ရုရှားစစ်တပ်တို့ဟာ တောင်တရုတ်ပင်လယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်နေပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်နဲ့ ကျန်ရှင်ပြည်နယ်တို့အနီး ရေပြင်မှာပြုလုပ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို သုံးရက်ကြာ ပြုလုပ်မယ်လို့ တရုတ်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ဒုံးကျည်သင်္ဘောနှစ်စင်း ဖရီးဂိတ်စစ်သေင်္ဘာနှစ်စင်းနဲ့ အခြားစစ်ရေယာဉ်တွေပါဝင်ပြီး စစ်တပ်နှစ်ခုရဲ့ ကွပ်ကွဲမှုကို ပေါင်းစည်းမှု တိုးတက်စေရန် ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လေ့ကျင့်ရေးမှာ ပစိဖိတ်ဒေသရဲ့ သူ့ရဲ့စစ်သင်္ဘောနှစ်စင်းပါဝင်မှာဖြစ်ပြီး ရေတပ်နှစ်ခုဟာ လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘော ရှာဖွေချေမှုန်းရေးနဲ့ အခြားသော ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

မေလအတွင်းမှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ ပေကျင်းမှာ တွေ့ဆုံခဲ့ပြီး ပူးတွဲစစ်ရေးလေ့ကျင့်တွေ တိုးချဲ့ရေးအပါအဝင် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုတွေ မြင့်တက်နေချိန်မှာ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပြီး အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကို ဖိအားပေးဖို့ ရည်ရွယ်ပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

Ref:NHK
Photo:Xinhua

#Voiceofmyanmar #VOM #တရုတ် #ရုရှား #ပူးတွဲစစ်ရေးလေ့ကျင့် #တောင်တရုတ်ပင်လယ် #ဖိလစ်ပိုင်

Related posts

Leave a Comment

VOM News

FREE
VIEW