မြင်းခြံ ကျောက်ကန်ရွာမှာ တိုက်ပွဲတွေကြောင့် နေအိမ်ရာနဲ့ချီ မီးလောင်

 

ဇူလိုင် ၁၆ – ၂၀၂၄
GG(VOM)

မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာမှာ ဇူလိူင်လ ၁၅ ရက်နေ့က နယ်မြေခံ PDF တပ်တွေနဲ့ ကျေးရွာကပြည်သူ့စစ်အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ကျောက်ကန်ရွာက အိမ်ခြေရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

” မနက်အစော PDF တွေကရွာကိုဝင်တိုက်ရာမှာ အပြန်အလှန်တိုက်ပွဲဖြစ်တာလို့သိရတယ်။ အိမ်တွေလည်းတော်တော်များများမီးလောင်သွားတယ်။ အဲဒီရွာက ပြည်သူ့စစ်တွေအများဆုံးရှိတဲ့ရွာ ပြည်သူ့စစ်ရွာပေါ့။မြင်းခြံနဲ့ဆိုရင်လည်း သိပ်အလှမ်းဝေးတာမျိုးမဟုတ်ပါဘူး။ဒါပေမယ့်သွားလို့လာလို့ လုံခြုံရေးစိတ်မချရဘူး။ ” လို့ မြင်းခြံဒေသခံတယောက်ကပြောပါတယ်။

ကျောက်ကန်ရွာ အပြန်အလှန်ပစ်ခတ်မှုမှာ ပြည်သူ့စစ်တွေဘက်က လက်နက်ခဲယမ်းမလုံလောက်တာကြောင့် ကျေးရွာကနေနောက်ဆုတ်ပေးလိုက်ရပြီးနောက် နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းတွေအရသိရပါတယ်။

ကျောက်ကန်ရွာဘက်မှာ အရင်ရက်တွေကလည်း PDF တွေနဲ့ ပြည်သူ့စစ်တွေအကြားမကြာခဏပစ်ခတ်မှုတွေဖြစ်ပွားလေ့ရှိတယ်လို့လည်းသိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြင်းခြံခရိုင် ၊တောင်သာမြို့နယ်၊ ကျွဲတလင်း ပြည်သူ့စစ်ရွာကို PDF တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုအတွင်းမှာ နေအိမ်တွေလည်းမီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ် ။

မြင်းခြံခရိုင်ထဲက ရွာဘက်တွေမှာတော့ PDF တွေနဲ့ပြည်သူ့စစ်အပါ အဝင် နစကတပ်တွေအကြား ခကြာခဏဆိုသလို ပစ်ခတ်မှုတွေဖြစ်ပွားလေ့ရှိတာကြောင့် ရွာဘက်တွေကို သွားလာမှုလည်းခက်ခဲနေတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #မြင်းခြံ #ကျောက်ကန်ရွာ #တိုက်ပွဲဖြစ် #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW