ဘန်ကောက်မြို့လယ်က ဟိုတယ်တခုမှာ အလောင်းခြောက်လောင်းတွေ့

 

ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တခုရဲ့ အခန်းထဲမှာ လူခြောက်ယောက်ရဲ့ အလောင်းတွေကို မနေ့ကညက ရှာတွေခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ကြယ်ငါးပွင့်အဆင့်ရှိ Grand Hyatt မှ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနတွေက ကနဦးမှာ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဒီကိစ္စကို ပယ်ချခဲ့ပြီး သေနတ်ပစ်ခတ်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး သုံးယောက်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံသားတွေနဲ့ အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံသား ခံယူထားသူအချို့လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဟိုတယ်မှာ လူခုနှစ်ယောက် တည်းခိုဖို့ ကြိုတင်စာရင်းသွင်းထားသော်လည်း လူငါးဦးသာ စာရင်းသွင်းတည်းခိုခဲ့ပြီး အခြားလူတယောက်မှာတည်းခိုစာရင်းမှာ မပါဝင်ကြောင်းနဲ့ သူတို့ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ တွေ့ရှိထားတဲ့အလောင်းတွေကို ရင်ခွဲစစ်ဆေးဖို့လုပ်ဆောင်နေပြီး အစာအဆိပ်သင့်မှုရှိမရှိနဲ့ အခြားအကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနေကြပါတယ်။ရန်ဖြစ်တာ သို့မဟုတ် လုယက်ခံရတဲ့ အခြေအနေမျိုးလည်း မတွေ့ရဘဲ အလောင်းတလောင်းမှာတွေ့ရတဲ့ ဒဏ်ရာဟာ လဲကျမှုကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

Ref:BBC
Photo:BBC

#Voiceofmyanmar #VOM #ထိုင်း #ဘန်ကောက် #ဟိုတယ် #အလောင်းခြောက်လောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW