ဘန်ကောက် ဟိုတယ်မှာ သေဆုံးသူခြောက်ယောက် လက်ဖက်ရည်ထဲ အဆိပ်ခတ်ခံခဲ့ရ ၊ စုံစမ်းစစ်ဆေးဖို့ အမေရိကန် FBI ကို အကူအညီခေါ်

 

ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၇
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တခုမှာ တွေ့ရှိခဲ့တဲ့ အလောင်းခြောက်လောင်းဟာ အစားအသောက်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်အခတ်ခံရပြီး သေဆုံးသွားဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် အမေရိကန်အက်ဖ်ဘီအိုင်အဖွဲ့ကို အကူညီတောင်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကြွေးမြီကိစ္စအငြင်းပွားမှုနဲ့ ဆက်နွယ်ပြီး ခုလိုအဆိပ်ခတ်ခံလိုက်ရတာလို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက သေဆုံးခဲ့ဖွယ်ရှိတဲ့ လူခြောက်ယောက်ရဲ့ အလောင်းတွေကိုတော့ ဘန်ကောက်မြို့လယ်က Grand Hyatt Erawan ဟိုတယ်က အခန်းထဲမှာ မနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူခြောက်ယောက်မှာ လေးယောက်က ဗီယက်နမ်နိုင်ငံသားတွေဖြစ်ပြီး ကျန်နှစ်ယောက်ကတောပ အမေရိကန်နိုင်ငံသားတွေဖြစ်ကာ ဒီထဲက နှစ်ယောက်ဟာ ရင်းနှီးမြုပ်နှံဖို့အတွက် အခြားတယောက်ကို ဘတ် ၁၀ သန်းချေးငှားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ယူဆထားပါတယ်။

သူတို့ခြောက်ယောက်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဟိုတယ်ငါးလွှာက အခန်းထဲမှာ စုဝေးခဲ့ကြပြီး နေ့လယ် ၂ နာရီမှာ အစားအသောက်နဲ့လက်ဖက်ရည်မှာယူခဲ့ပြီး ဟိုတယ်ဝန်ထမ်း လာပို့ချိန်မှာ အဲဒီအချိန်က အခန်းထမှာ တယောက်တည်ရှိနေတဲ့ မစ္စတာချောင်ဆိုတဲ့ အမျိုးသမီးက လက်ခံယူခဲ့ပါတယ်။

ဟိုတယ်ဝန်ထမ်းက လက်ဖက်ရည်ဖျော်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူမ ငြင်းဆိုခဲ့ပြီး သူမဟာ စကားအနည်းငယ်သာပြောပြီး စိတ်လှုပ်ရှားနေဟန်ပေါက်တယ်လို့ ဟိုတယ်ဝန်ထမ်းက ရဲတပ်ဖွဲ့ကို ပြောပါတယ်။ သေဆုံးမှုဖြစ်စဉ်မှာ ရုန်းကန်မှု ၊လုယက်မှုနဲ့ အတင်းအကျပ်ဝင်ရောက်တဲ့ အရိပ်လက္ခဏာတွေ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခန်းထဲမှာတော့ မှာယူထားတဲ့ အစားအသောက်တွေရှိနေပြီး တချို့က မဖွင့်ရသေးတဲ့ အနေအထားဖြစ်ကာ လက်ဖက်ရည်ခြောက်ခွက်စလုံးမှာတော့ ဆိုင်ယာနိုက်အဆိပ်တွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:

#Voiceofmyanmar #VOM #ထိုင်း #ဘန်ကောက် #ဟိုတယ် #အလောင်းခြောက်လောင်း #အဆိပ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW