လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့အနီးတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

 

ဇူလိုင် ၁၇၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ သီပေါ ကျောက်မဲ၊ နောင်ချို မြို့အနီးတွေမှာ တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လားရှိုးမြို့ပြင်ဘက်မှာဝောာ့ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် မိုးမလင်းခင်ကစ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၂ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“လားရှိုး မြို့ပြင် ဟိုပိတ်ရွာဘက် လည်းလေကြောင်းနဲ့ ပါ ဗုံးကြဲလာလို့ အိမ်စောင့် ကျန်ခဲ့တာ ဆက်နေလို့ မရတော့ဘူး။ ထွက်လာရတယ်။ တိုက်ပွဲက ပိုဆိုးလာမယ်ထင်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လားရှိုးမြို့နဲ့ အနီး ဝန်းကျင် နေရာ တချို့မှာ လက်နက် ကျည်တွေကြောင့် ဖုန်းကြိုး၊ အင်တာနက်ကြိုးတွေ ပြတ်တောက်သွားတာတွေ့ရပြီး တာဝါတိုင်တွေမှာလည်း ဆီတွေ ကုန်သွားကာ ထပ်သွားဖြည့်ဖို့ အဆင် မပြေတော့တာကြောင့် ဖုန်းလိုင်းတွေ မကောင်းတော့ဘူးလို့ အမျိုးသား တယောက်က ပြောပါတယ်။

လားရှိုး နားမခေါ်၊ နတ်ရေကန်လမ်း ၊ နမ့်ကျန်၊ ဟိုပိတ်၊ မယ်ဟန် တွေဘက် လက်နက်ကြီး တွေနဲ့ ပစ်တ်ေိပြီး လေယာဉ်တွေနဲ့ ပါ ဗုံးကြဲနေတယ်လို့ သူက ပြောပါတယ်။

သီပေါ် အနီးက ပန်စောဝ်မိန်းဘက် ယမန်နေ့ ဇူလိုင်လ ၁၆ ရက်ညပိုင်းကစ လက်နက်ကြီး ပစ်ခတ် သံတွေ ကြားရကြောင်းဒေသခံတွေဆီက သိရပါတယ်။

“ပန်စာဝ်မိန်းထဲကနေ လက်နက်ကြီး မကျခင် လင်းခနဲ လင်းခနဲ ဖြတ်ဖြတ်သွားပြီး ရွှေသမင်တောင်ခြေမှာသွား ကျတာမြင်နေရတယ်။ ပန်စောဝ်မိန်းရွာထဲ ရွှေသမင်တောင်ရှေ့ အတက် လားရှိုး – မန္တလေး ကားလမ်းမ ကြီး တဝိုက်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ကျောက်မဲမြို့ ပြင်ဘက်မှာလည်း လက်နက် အကြီး အသေး ပစ်ခတ်သံတွေ ကြားနေရပြီး ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်း မြို့ထဲ လက်နက်ကြီးကျလို့ နေအိမ် မီးလောင်တာ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က ည နေပိုင်း ၄ နာရီ ဝန်းကျင် ပစ်ခတ်သံတွေ ကြားနေရပြီး ၈ ရပ်ကွက်က အခွန်လွတ်စျေး၊ လူငယ်ဘက်ထရီအနောက်ဘက်ကားလေး၀ပ်ရှော့ လက်နက်ကြီး ကျလို့ မီးလောင်တာရှိတယ်” လို့ ဒေသခံ တယောက် က ပြောပါတယ်။

နောင်ချိုမြို့နယ်၊ လားရှိုး – မန္တလေး လမ်းမကြီးပေါ်က သဲခေါ်ရွာဘက်လည်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

” သဲခေါ် ဘက် တကြောပဲ ပစ်နေတာ။ ဇူလိုင် ၁၄၊ ၁၅ နှစ်ရက်လုံး။ မနေ့က ဇူလိုင် ၁၆ ရက်နေ့မှာတော့ မိုး တအားရွာလို့ ထင်တယ်။ လက်နက်ကြီး ပစ်ခတ်သံတွေ ပဲ ကြားနေရတယ်။” လို့ သူက ပြောပါတယ်။

ရဇမ်းပြည်နယ် မြောင်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့နယ်တွေမှာတော့ ဇွန်လ ၂၅ ရက်နေ့ကစ TNLA နဲ့ ပူးပေါင်း တပ်ဖဠဲ့တွေ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး နောင်ချိုမြို့ကိုတော့ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လားရှိုးမြို့ကိုတော့ ဇူလိုင်လ ၃ ရက်နေ့ကစ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး လက်ရှ် မိုင်းရယ် ဘက်မှာ စစ်ရေး တင်းမာနေကြောင်း ဒေသခံတေဠဆီက သိရပါတယ်။

MNDAA နဲ့ TNLA ဘက်ကတော့ တရုတ်ရဲ့ စိုးရိမ်မှုကြောင့် ဇူလိုင်လ ၁၄ ရက် ကနေ ဇူလိာင်လ ၁၈ ရက်နေ့အထိ စစ်ဆင်ရေး ရပ်ဆိုင်းထားကြောင်း၊ တိုက်ခိုက်ခံရပါက ပြန်လည် ခုခံ ပိုင်ခွင့် ရှိကြောင်း သတင်း ထုတ်ထားပါတယ်။

Photo Crd# တောင်ပေါ်သားလေး& ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #သီပေါ #ကျောက်မဲ #နောင်ချို #တိုက်ပွဲပြင်းထန်လာ

Related posts

Leave a Comment

VOM News

FREE
VIEW