အိန္ဒိယ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် မြင့်တက်

ဂျမူး၊ ဇူလိုင်-၁၇-၂၀၂၇
မျိုးဆက်(VOM)

အိန္ဒိယထိန်းချုပ်ထားတဲ့ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာ မကြာသေးမီကာလကစလို့ အကြမ်းဖက်မှုတွေ မြင့်တက်နေပြီး တနင်္လာနေ့ကလည်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား လေးယောက် သေဆုံးခဲ့ပါတယ်။

ဂျမူးရှိ ဒိုဒါခရိုင်က သစ်တောတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် ခြုံခိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အငြင်းပွားနေတဲ့ ဒီဒေသက အခြားနေရာတခုမှာလည်း ယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် စစ်သားငါးယောက် သေဆုံးခဲ့ပါသေးတယ်။

၁၉၈၉ ခုနှစ်ကတည်းက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင် သောင်းကျန်းမှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး မကြာသေးမီ နှစ်တွေအတွင်းမှာတော့ အကြမ်းဖက်မှုတွေ လျော့ကျခဲ့ပါတယ်။

ဒါပေမယ့် ဒီဒေသမှာ မကြာသေးမီကာလတွေအတွင်း သွေးထွက်သံယိုတွေပိုများလာခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်း ဒေသတွင်းမှာ အကြမ်းဖက်တိုက်ခို်ကမှု ရှစ်ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့လကလည်း ဒေသတွင်း ဟိန္ဒူဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို စစ်သွေးကြွတွေရဲ့ တိုက်ခို်ကမှုကြောင့် လူ ကိုးယောက်သေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇူလိုင် ၈ ရက်ကလည်း ကာသူအာခရိုင်မှာ ချုံခိုတိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သားငါးယောက် သေဆုံးခဲပါသေးတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အိန္ဒိယ #ကက်ရှ်မီးယား #အကြမ်းဖက်တိုက်ခိုက်မှု #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW