ဇူလိုင် ၂၄- ၂၀၂၄
GG (VOM)
ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်ဟာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ နေ့လယ် ၂ နာရီမှာ ကင်ဆာရောဂါ နဲ့ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။
နော်စီဖိုးရာစိန်ဟာ ကင်ဆာရောဂါကို ခံစားနေရတာကြာပြီဖြစ်ပြီး မကြာခဏဆေးကုသမှုလုပ်ခဲ့ရကြောင်း KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောဆိုထား ပါတယ်။
ဲ ကွယ်လွန်ချိန်မှာအသက် ၆၉ နှစ်ရှိပြီး သူရဲ့နေအိမ်ဖြစ်တဲ့ ထိုင်း- မြန်မာနယ်စပ်က မဲ့စလိယန်းမြို့မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့သိရပါတယ်။
နော်စီဖိုးရာစိန်က KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘောရဲ့ သားသမီးတွေထဲက လေးယောက်မြောက်သမီးဖြစ်ပြီး ကရင်တော်လှန်ရေးကဏ္ဍမှာ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။
နော်စီဖိုးရာစိန်ကွယ်လွန်သွားတဲ့အပေါ် ကရင်တိုင်းရင်းသားတွေအပါအဝင်နိုင်ငံရေးအသိုင်းဝိုင်းကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်ကနေ ရေးသားနေကြပါတယ်။
နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်၊ ကရင်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ကြောင်း၊အဲ့ဒီနောက် ထိုင်းကိုခိုလှုံခွင့်တောင်းပြီး ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီး ဒုက္ခသည်တွေကို အကူအညီဆောင်ရွက်ပေးတဲ့ ကရင်အမျိုးသမီး အစည်းအရုံးမှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
နောက်ပြီးကရင် အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
#Voiceofmyanmar #vom #KNU #နော်စီဖိုးရာစိန် #ကွယ်လွန်