This Day in History

  Voice of Myanmar အမေရိကန် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော နော့တီးလပ်စ်သည် ၁၉၅၈ ခုနှစ် ဩဂုတ် ၃ ရက်တွင် မြောက်ဝန်ရိုးစွန်းရှိ ထူထပ်သောရေခဲပြင်များအောက် ပထမဆုံး ဖြတ်သန်းခုတ်မောင်းနိုင်ခဲ့သော ရေငုပ်သင်္ဘော ဖြစ်လာခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August3

Read More

မိုးသည်းထန်စွာ မြစ်ရေမြင့်တက်လာတာကြောင့် ကျောက်တော်မှာ လယ်ဧက ထောင်နဲ့ချီ ရေမြုပ်

  ဩဂုတ် ၃ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် လယ်ဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် ယိုးချောင်းဒေသရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူ၊ ခွဆုံနဲ့ အုတ်သောင်ပြင် စတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီး ရေအမြင့် ၃ ပေ ကနေ ၄ ပေလောက်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်ကတည်းက စတက်တာ။ အခုထိ မကျသေးဘူး။ မိုးကလည်း ခုထိ ရွာတာမရပ်သေးဘူး။ အရမ်းသည်းနေတုန်း။ လယ်ကွင်းတွေအားလုံးလည်း ရေတွေလွှမ်းကုန်ပြီ။ လယ်ကွင်းတိုင်းလိုလိုမှာ ရေဝင်နေတာ ဆိုတော့ ဧက အတိအကျတော့ ပြောလို့မရသေးဘူး။ ခန့်မှန်းခြေဆိုရင်တော့ လယ်ဧက ထောင်နဲ့ချီပြီး ရှိနိုင်တယ်”…

Read More

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ကမလာဟားရစ် တရားဝင်ရွေးချယ်ခံရ

  ဝါရှင်တန်၊ ဩဂုတ်-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန် ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ပါတီကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲနဲ့အတူ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတအဖြစ် တရားဝင်ရွေးချယ်ခံရပြီဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ အမေရိကန်နိုင်ငံရေးပါတီကြီးတခုအတွက် အိမ်ဖြူတော်တာဝန်တွေကို နောက်ထပ်ထမ်းဆောင်ဖို့ ကြိုးပမ်းတဲ့ ပထမဆုံးလူမည်းအမျိုးသမီးနဲ့ ပထမဆုံးတောင်အာရှဖွား အမျိုးသမီးဖြစ်လာပါတယ်။ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကိုသာအနိုင်ရခဲ့မယ်ဆိုရင် ကမလာဟားရစ်ဟာ အမေရိကန်ရဲ့ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အစည်းအဝေးမှာ ကမလာဟားရစ်ဟာ ကိုယ်စားလှယ် ၂၃၅၀ ယောက်ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းခံရသူဖြစ်လာခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် ကမလာဟားရစ်ဟာ ကယ်လီဖိုးနီယားပြည်နယ် အော့ကလန်မှာ မွေးဖွားခဲ့ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ဒီမိုကရက်တစ်ပါတီက ပထမဆုံးရွေးချယ်လိုက်တဲ့ အမျိုးသမီးသမ္မတလောင်းလည်းဖြစ်ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ဟာ သူရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် သမ္မတရွေးကောက်ပွဲဝင်ရောက်မယ့်အပေါ် ဝေဖန်မှုတွေ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၃ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၅၀၀ ကျပ် ဝယ်ဈေး – ၅၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၄၃ ကျပ် ဝယ်ဈေး – ၅၄၉၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၉.၂၅ ကျပ် ဝယ်ဈေး – ၁၄၂.၈၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၇၀ ကျပ် ဝယ်ဈေး – ၁၁၂၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၆ ကျပ်…

Read More

အစ္စရေးကို အီရန်လက်တုံ့ပြန်တာ ကာကွယ်ဖို့ စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ အမေရိကန် ထပ်မံစေလွှတ်မယ်

  ဝါရှင်တန်၊ ဩဂုတ်-၃ မျိုးဆက်(VOM) အီရန်နဲ့ မဟာမိတ်တွေက အစ္စရေးကို လက်တုံ့ပြန်တိုက်ခို်ကမှုကနေ ကာကွယ်ဖို့ အတွက် အရှေ့အလယ်ပိုင်းကို နောက်ထပ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ဖြန့်ကြက်ချထားဖိူ့ စေလွှတ်သွားမယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ အီရန်မှာ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဘက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးတို့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။ ဒါကြောင့်အမေရိကန်ဟာ ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း အရှေ့အလယ်ပိုင်းဒေသမှာ တိုးမြှင့်ချထားဖို့ လည်း အဆင်သင့်ရှိနေကြောင်းနဲ့ အစ္စရေးကို အကာအကွယ်ပေးတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ဟာ ခိုင်မာကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကဆိုပါတယ်။ တပ်ဖြန့်မှုအသစ်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးတက်စေမှာဖြစ်ပြီး အစ္စရေးရဲ့ ကာကွယ်ရေးအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသက် ၆၂ နှစ်အရွယ် ဟားမတ်စ်နိုင်ငံရေးခေါင်ဆောင် ဟာနီယာဟာ ဂါဇာစစ်ပွဲရပ်စဲရေး စေ့စပ်ဆွေးနွေးမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူသေဆုံးမှုအတွက်…

Read More

မလေးရှားပို့မယ့် ကျပ် ၉၆ ဘီလီယံတန်ဖိုး မူးယစ်ဆေးတွေ ဖျာပုံမှာ ဖမ်းမိပြီး လူ၁၂ ယောက်ကို ဖမ်းဆီးထား

  ဩဂုတ် ၃ – ၂၀၂၄ CC (VOM) ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ မလေးရှားနိုင်ငံကို ပို့မယ့် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၂ . ၃ တန်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar ကသိရပါတယ်။ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းထဲမှာမောင်းလာတဲ့ ကုန်တင်စက်လှေကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးခဲ့ရာကနေ အမျိုးသားငါးယောက်နဲ့အတူ အိုက်စ်တွေကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိသူတွေကိုထပ်မံစစ်ဆေးခဲ့ရာ ပူးပေါင်းပါဝင်သူ အမျိုးသား ခုနှစ်ယောက် အပြင် သေနတ်တ လက်၊ကျည်အိမ် တခု၊၉မမကျည် ၅၀ တောင့်၊ကားလေးစီးနဲ့ငွေသား သိန်း၁၉၀ ကိုပါ ရန်ကုန် ၊ပြင်ဦးလွင်၊ဖျာပုံမြို့နယ်တွေမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ” ကျွန်တော်တို့လည်းသတင်းကြားပါတယ်။ရပ်ဖို့တားတာကိုမောင်းပြေးလို့စစ်တာမှာ မိတာ။စက်လှေပိုင်ရှင်က ရန်ကုန်ကပါ။လှေပေါ်ကမိတာ ငါးယောက်။လှေပိုင်ရှင်ပါထပ်မိတယ်သိရတယ် ” လို့ ဖျာပုံဒေသခံတယောက်ကပြောပါတယ်။ စက်ေလှပေါ်ကနေ…

Read More

နစက အထူးကိုယ်စားလှယ် ကမ္ဘောဒီယားမှာ ဟွန်ဆန်သားအဖနဲ့တွေ့၊ မြန်မာ့အရေး အမြန်ဆုံးပြေလည်ဖို့ ဟွန်မာနက်မျှော်လင့်

  ဖနွမ်းပင်၊ ဩဂုတ်-၃-၂၀၂၄ မျိုးဆက်(VOM) နစကဥက္ကဌရဲ့ အထူးသံတမန်ဖြစ်တဲ့ ဥက္ကဌရုံး ဝန်ကြီးဌာန ၂ ရဲ့ ဝန်ကြီးဖြစ်သူ ဦးကိုကိုလှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်တို့နဲ့တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နစကအထူးသံတမန်ဖြစ်သူ ဦးကိုကိုလှိုင်နဲ့ ဖနွမ်းပင်မှာ ဩဂုတ် ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ “ကမ္ဘောဒီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နယ်ပယ်များစွာမှာ အလားအလာကောင်းတွေရှိနေပြီး မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက အခြေအနေတွေ ပြေလည်ဖို့ မျှော်လင့်ထားတယ်” လို့ ဟွန်မာနက်က ပြောပါတယ်။ ဆွေးနွေးမှုမှားတော့ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူချင်း ကူးလူးဆက်သွယ်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။…

Read More

ရွှေစက်တော် အောက်စက်တော်ရာထိရောက်နေတဲ့ မန်းချောင်းရေ ပြန်မကျသေး

  ဩဂုတ် ၃ – ၂၀၂၄ SS (VOM) တောင်ကျချောင်းရေနဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေကျော်နေတဲ့အတွက် မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် အောက်စက်တော်ရာမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရေပြန်လည် ကျဆင်းခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်ကတည်းက အောက်စက်တော်ရာအတွင်း ရေဝင်ရောက်နေတာဖြစ်ပြီး ဩဂုတ် ၂ ရက်နေ့မှာတော့ ရေပိုပြီး အတက်ကြမ်းလာတယ်လို့ သိရပါတယ်။ မန်းချောင်း ရေလှောင်တမံဟာ မနေ့ သြဂုတ် ၂ ရက်၊ မနက် ၆ နာရီ အချိန် တိုင်းတာချက်အရ ရေပိုလွှဲမှ ၅ ပေခွဲကျော်အထိ ရေလျှံနေတာကြောင့် မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းအတွင်း ရေအဝင်ကြမ်းနေတာလို့ သိရပါတယ်။ “မနေ့ (ဩဂုတ်…

Read More

ဆိုမာလီ အပန်းဖြေကမ်းခြေမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၂ ယောက်သေပြီး ၆၀ ကျော်ဒဏ်ရာရ

  မိုဂါဒစ်ရှူး ၊ ဩဂုတ်-၃-၂၀၂၄ မျိုးဆက်(VOM) ဆိုမာလီနိုင်ငံရှိ နာမည်ကျော် အပန်းဖြေကမ်းခြေတခုမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ အသေခံဗုံးခွဲမှုတွေကြောင့် လူ ၃၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။ ဒီတိုက်ခို်ကမှုအတွင်း လူ ၆၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး အချို့က စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဆိုမာလီတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ထားတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေလက်ချက်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုအပြီးမှာ ပစ်ခတ်မှုတွေ ချက်ချင်းဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။တိုက်ခိုက်မှုကို လူငါးယောက်ထက်မနည်း ပြုလုပ်ခဲ့ပြီး တယောက်က အသေခံဗုံးခွဲခဲ့ကာ သုံးယောက်သေဆုံးပြီး တယောက်ကို အရှင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ဟာ အယ်လ်ကေးဒါအဖွဲ့နဲ့လည်း ဆက်နွယ်နေပြီး ကုလသမဂ္ဂကျောထောက်နောက်ခံပြု ဆိုမာလီအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပြီး အကြမ်းဖက်မှုတွေ မြင့်တက်နေပါတယ်။…

Read More

ငွေကြေးမူဝါဒကြောင့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း မြင့်တက်လာတာလို့ လုပ်ငန်းရှင်တွေ ပြော

  ဩဂုတ် ၃ – ၂၀၂၄ SS (VOM) ငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ပြည်ပမှ တင်သွင်းရတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးဖော်ပြချက်အရ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းဟာ အမျိုးအစားအလိုက် တလီတာကို ၈၅ ကျပ်မှ ၁၆၀ ကျပ်အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ 92 Ron တလီတာ ၂၆၃၀ ကျပ်ကနေ ၂၇၇၀ ကျပ်၊ 95 Ron တလီတာ ၂၇၃၀ ကျပ်က‌နေ ၂၈၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၃၆၅ ကျပ်ကနေ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၇၇၀ ကျပ်ကနေ ၂၉၂၀ ကျပ်အထိ မြင့်တက်လာတာ…

Read More
VOM News

FREE
VIEW