မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ သယ်ယူဖို့ခက်ခဲလို့ ထုတ်ပေးမှု ဆိုင်းငံ့ထားရမယ့် အခြေအနေဖြစ်လာ

 

ဩဂုတ် ၄၊ ၂၀၂၄
Shy V (VOM)

မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ သယ်ယူဖို့ခက်ခဲလို့ ထုတ်ပေးမှု ဆိုင်းငံ့ထားရမယ့် အခြေအနေဖြစ်လာကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“စာအုပ်နည်းသွားတော့ စိုးရိမ် စရာပေါ့။ လေယာဉ်ကလည်း မလာနိုင်ဘူးလေ” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ကုန်းလမ်းကနေ သယ်ယူလို့ အဆင်မပြေတာကြောင့် ပုံမှန်အားဖြင့် စစ်ရဟတ် ယာဉ်တွေနဲ့ သယ်ယူနေရတာဖြစ်တယ်လို့ဆိုပါတယ်။

“လားရှိုးမှာ စစ်ဖြစ်သွားလို့လေ။ ခါတိုင်း လားရှိုးကနေ သယ်ယူတာ။ အခုက အဆင်မပြေတော့လို့ စာအုပ်ကုန်သွားရင် စာအုပ်အနီနဲ့ တခါစုံးကဒ် လုပ်ပေးတာ သုံးလလောက် နားထားမယ်လို့ကြားတယ်” လို့ လဝက နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။

တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ နယ်စပ် ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ ထုတ်ပေးတာ ယာယီ ရပ်ဆိုင်းရမယ်လို့ သိရပေမယ့် ဘယ်နေ့၊ ဘယ်ရက်ကနေ ရပ်ဆိုင်းမယ်ဆိုတာ မသိရဘူးလို့ နယ်စပ် အစိုးရနဖဲ့ နီးစပ်တဲ့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။

မူဆယ် မြန်မာ – တရုတ် နယ်စပ် ဂိတ်ကို မှီခိုပြီး တရက်ကို မြန်မာ နိုင်ငံသား ထောင်ချီ ဝင်ထွက် သွားလာကာ အသက်မွေးဝမ်း ကျောင်း နေကြရတာ ဖြစ်သလို နယ်စပ်ဒေသခံ အများစုနဲ့ မြန်မာ လုပ်သား သောင်းချီ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်၊ နယ်စပ် ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေနဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ပလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

Photo:Shy V

#voiceofmyanmar #VOM #မူဆယ် #နယ်စပ်ဖြတ်ကျော်ခွင့် #သယ်ယူဖို့ခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW