လားရှိုး ရမခ တိုက်ပွဲမှာ နစက စစ်တပ် အရာရှိ သုံးယောက်ကို MNDAA ဖမ်းဆီး

  ဩဂုတ်လ ၅၊ ၂၀၂၄ Shy V (VOM) လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ နစက တပ် အရာရှိ သုံးယောက်ကို ဖမ်းဆီးထားကြောင်း MNDAA ဘက်က ပုံနဲ့ တကွ တရုတ်စာနဲ့ ရေးထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ရဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး နဲ့ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့ဖြစ်ကြောင်း အဲဒီ ထုတ်ပြန်ချက် စာရွက်မှာ ပုံနဲ့ တကွ ဖော်ပြထားပါတယ်။ အဲဒီ အရာရှိတွေ တယောက်ချင်း လက်ရှိ တာဝန် ထမ်း ဆောင် ကွပ်ကဲ နေတဲ့…

Read More

ဆောက်လုပ်ရေးလုပ်ငန်းတွေ ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားနေရပြီး ကန်ထရိုက်အချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေ

  ဩဂုတ် ၅ – ၂၀၂၄ SS (VOM) ငွေကြေးတန်ဖိုး ကျဆင်းတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားနေရပြီး ကန်ထရိုက်တချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ အိမ်ရှင်တွေနဲ့ အခန်းကြိုပွိုင့် ၀ယ်ယူထားသူတွေက ပြောပါတယ်။ လက်ရှိမှာ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလာရပြီး ကန်ထရိုက်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိလာတဲ့အတွက် ဆောက်လုပ်ဆဲ တိုက်တာအိုးအိမ်တွေ အပြီးသတ်နိုင်ခြင်း မရှိဘဲ နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ “တိုက်ခန်းပေးတိုက်ခန်းယူ စနစ်နဲ့ ခုနစ်ထပ်ဆောက်ဖို့ ကန်ထရိုက်တယောက်နဲ့ စာချုပ်ချုပ်ထားတာ သုံးနှစ်ကျော်နေပြီ။ ဘာမှအစမပျိုးရ သေးဘူး။ သူက ရှစ်လအတွင်း ဆောက်ပေးပါမယ်ပြောထားလို့ အိမ်ဖျက်ပေးထားပြီး ကိုယ်တွေက အိမ်ငှားနေနေရတာ။ အိမ်ငှား‌ဖြစ်သွားတာပဲ အဖတ်တင်တယ်။ အခုထိ တခါသွားကြည့်တိုင်း တခါ မြေကွက်လပ်ပဲ တွေ့တယ်။ သူ ကြိုပွိုင့်ရောင်းထားတာတွေလည်း…

Read More

This Day in History

  Voice of Myanmar ထိုင်းစီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမား ယင်လပ်ရှင်နာဝပ်ထရာသည် ၂၀၁၁ ခုနှစ် ဩဂုတ် ၅ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာပြီး ၎င်းသည် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ပထမဆုံးသော အမျိုးသမီးဖြစ်သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August5

Read More

စစ်ရေးတင်းမာနေတဲ့ ရှမ်း/မြောက်အရေး နစကဥက္ကဌ ဘာပြောလဲ

  ဩဂုတ် ၅ – ၂၀၂၄ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေက အလင်းကနေ အမှောင်ကိုပြန်ရောက်ပြီး ဒေသခံပြည်သူတွေမှာ တရားမဲ့သတ်ဖြတ်ခံရမှုတွေနဲ့ရှင်သန်နေရတော့မယ့်အခြေအနေဖြစ်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ “အရင်ကဆေးဘုရင်ဝါဒကြီးစိုးခဲ့တဲ့ ဒေသတွေလိုဥပဒေမဲ့အနိုင်ကျင့်ခံရမှု၊တရားမဲ့သတ်ဖြတ်ခံရမှုတွေမှန်ကန်တဲ့စီးပွားလုပ်ငန်းနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေလူငယ်တွေဟာလည်း စာအုပ်နဲ့ဘောပင်အစားသေနတ်တွေကိုင်ရင်းနဲ့ရှင်သန်ရတော့မှာဖြစ်ပါတယ်။အလင်းထဲကနေအမှောင်ထဲပြန်ရောက်ရမယ့်အခြေအနေဖြစ်ပါတယ်။ပြည်သူတွေကဒီအခြေအနေပြန်ရောက်ချင်မှာမဟုတ်ဘူးလို့ယုံကြည်တယ်။ရှမ်းပြည်နယ်ကလူမှုစီးပွားဘဝ၊ကလေးသူငယ်တွေရဲ့ ပညာရေး၊လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေဘယ်လိုမှမက်ခွင့်မရှိတော့ပါဘူး။” လို့ ပြောဆိုတာဖြစ်ပါတယ်။ လက်ရှိမှာ တမ်မတော်အနေနဲ့ ရှမ်းမြောက်အခြေအနေနဲ့ပတ်သက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိနေရာရဲ့လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ပြည်သူတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးစဥ်းစားပြီးစွန့်ခွာခဲ့ရတာရှိတယ်လို့ဆိုပါတယ်။ ရှမ်းမြောက် တိုက်ပွဲနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေကလည်းခိုင်းစေမှုရှိကြောင်းပြည်တွင်း နဲ့ ပြည်ပနိုင်ငံတွေရဲ့ခိုင်းစေမှုကိုလုပ်နေတာဖြစ်တယ်လို့လည်းပြောပါတယ်။ “ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေသူများရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာများလည်း ရှိပါတယ်။ ဒါကို MNDAA TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင်…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၉၁၄၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၅ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၃၅၀ ကျပ် ဝယ်ဈေး – ၅၃၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၂၀ ကျပ် ဝယ်ဈေး – ၃၇၇၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၀၀ ကျပ် ဝယ်ဈေး – ၅၄၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၈.၁၅ ကျပ် ဝယ်ဈေး – ၁၄၁.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၇၆ ကျပ် ဝယ်ဈေး – ၁၁၂၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၀ ကျပ်…

Read More

မဟာမိတ်တွေ ထောက်ပံ့တဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်ပြီ

  ကိဗ်ယက်၊ ဩဂုတ်-၅-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းဟာ မဟာမိတ်တွေထောက်ပံ့တဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် လက်ခံရရှိပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ယူကရိန်းကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေရောက်ပါပြီ။ ဒါကိုကျွန်တော်တို့ လုပ်နိုင်ခဲ့တယ် ” လို့ အမည်မဖော်တဲ့ လေတပ်စခန်းတခုက လေယာဉ်နှစ်စင်းနောက်ခံထားပြီး ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ယူကရိန်းသမ္မတက ပြောပါတယ်။ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ထောက်ပံ့ရေးအတွက် ယခင်က ချီတုံချတုံဖြစ်နေတဲ့ မဟာမိတ်နိုင်ငံတွေက အခုလိုပေးပို့မှုအတွက် ကျေးဇူးတင်ရှိပြီး နောက်ထပ်များစွာ လိုအပ်နေသေးတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်ရှိလာတာဟာ ဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေကို အဓိကအားထားနေရတဲ့ ယူကရိန်းလေတပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ယူကရိန်းအတွက် ပေးပို့ဖို့ဆန္ဒရှိတဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့ခွင့်ကို…

Read More

အီရန်ရဲ့ တိုက်ခိုက်မှုမှန်သမျှ လက်တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် သတိပေး

  တဲလ်အဗစ်၊ ဩဂုတ်-၅-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဟားမတ်စ်ခေါင်ဆောင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အီရန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ အီရန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်ဖို့ အီရန်မှာရောက်နေချိန် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးက လူသိရှင်ကြား မှတ်ချက်မပေးပေမယ့် အီရန်နဲ့မဟာမိတ်တွေရဲ့ လက်တုံ့ပြန်နိုင်ခြေကို ကြိုတင်ပြင်ဆင်လို့နေပါတယ်။ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကလည်း လက်ဘနွန်မှာ သူတို့ရဲ့ ထိပ်တန်းတပ်မှူးကို အစ္စရေးက လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့တာကြောင့် လက်တုံ့ပြန်မယ်လို့ ကတိပြုထားပြီး မနေ့ကတော့ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ “ ဘယ်အခြေအနေအတွက်အဆို အစ္စရေးကတော့ အသင့်ဖြစ်နေပါပြီ။ ရန်လိုမှုမှန်သမျှကို ဘယ်လိုမျက်နှာစာကလာနေပါစေ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်လို့ ” နေတန်ယာဟုက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး…

Read More

ရန်ကုန်မှာ ဇူလိုင်လအတွင်း ဖောက်ခွဲတိုက်ခိုက်ခံရမှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိ

  ဩဂုတ် ၅ – ၂၀၂၄ SN (VOM) ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရန်ကုန်တိုင်းမှာ နစကစခန်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေဟာ အင်းစိန်၊ ဗဟန်း၊ လသာ၊ မှော်ဘီ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနဲ့ လှည်းကူးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာ လို့ သိရပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဇူလိုင်လ ၆ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အမှတ် (၁) တပ်မတော် စစ်သားစုဆောင်းရေးတပ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “အဲဒီည ၉ နာရီထိုးခါနီးမှာ ပေါက်ကွဲသံ နှစ်ချက် အကျယ်ကြီးပဲ ကြားလိုက်ရတယ်။ လုံခြုံရေးဂိတ်ကိုထိတာ။ အဲဒီဂိတ်မှာ စစ်သားနှစ်ယောက်၊ သုံးယောက်လောက် အမြဲတမ်းရှိတယ်”…

Read More

ဖားကန့်မှာ တိုကင်စနစ်နဲ့ တနာရီ ကျပ်နှစ်သောင်းပေးပြီး အင်တာနက်သုံးနေရ

  ဩဂုတ် ၅ – ၂၀၂၄ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တိုကင်စနစ်နဲ့ တန်းစီရကာ တနာရီကို ကျပ်နှစ်သောင်းပေးပြီး အင်တာနက် အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဖားကန့်အပါအဝင် မြို့နယ်အများစုမှာ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကတည်းကဖြစ်ပြီး MPT , Mytel , Telenor , Ooredoo ဖုန်းလိုင်းတွေ အသုံးပြုလို့မရဘဲ အားလုံး ပြတ်တောက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖားကန့်မြို့အတွင်းက IP Star နဲ့ Star link တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တိုကင်စနစ်နဲ့ တန်းစီပြီး အင်တာနက် အသုံးပြုနေရတာဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့ထိ တပတ်စာ…

Read More
VOM News

FREE
VIEW