လားရှိုးမှာ MNDAA တွေ ခေါ်ဆောင်သွားတဲ့ တပ် မိသားစုဝင် ၃၀၀ ကျော်ကို   ပြန် လွှတ်ပေး

ဩဂုတ် ၇၊ ၂၀၂၄
Shy V (VOM)
လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ လက်နက်ချသွားတဲ့  MNDAA တွေ ခေါ်ဆောင်သွားတဲ့ စစ်သည် တွေရဲ့ တပ် မိသားစုဝင် ၃၀၀ ကျော်ကို ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ပထမ တသုတ် အဖြစ် ပြန် လွှတ်ပေးလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိုး ရမခ က တပ်မိသားစု ဝင်တွေကို မိုင်းရယ် ဘက် ပြန်လွဇတ်ပေးလိုက်တယ်လို့ ကြားတယ်။ လမ်း တဝက်မှာ SSPP တပ်ဖွဲ့က လာကြိုတယ် ကြားတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လားရှိုးကနေ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းရယ်ဘက် ပို့ဆောင်တဲ့ လမ်းမှာ လမ်းကနေ SSPP တပ်ဖွဲ့ ဘက်က ကူညီ လာကြိုပေးတာလို့ ဆိုပါတယ်။
မှတ်တမ်း ဗွီဒီယိုဖိုင်မှာတော့ “လားရှိုးမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်သည် တွေရဲ့ မိသားစုဝင်တွကို စစ်ပွဲနဲ့ မသက်ဆိုင်လို့ ကျနော်တို့ ပြန်လွှတ်ပေးနတာ ဖြစ်ပါတယ်။ မဟာမိတ် အချင်းချင်း ကူညီတဲ့ အနေနဲ့ SSPP က လမ်းမှာ ကျနော်တို့ကို တဝက် လာပြီးတာ့ ကူညီပေး စစ်သည် မိသားစုဝင်တွကို လာပြီးတာ့ ကြိုပေး နေတာ ဖြစ်ပါတယ်။” လို့ ပြောထားပါတယ်။
MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိမ်းသိမ်းထားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) က အရာရှိ၊အရာခံ၊ အကြပ်စစ်သည်တွေရဲ့ မိသားစုဝင် အချို့ကို ပထမအသုပ် အဖြစ် အယောက် ၃၀၀ ကျော်ကို ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က  ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရကြောင်း နောက်ထပ် ဒေသခံ မျိုးသားတယောက်ကလည်း ရှင်းပြပါတယ်။
နစက ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ အဲဒီ လက်နက်ချ စစ်သည်တွေရဲ့ မိသားစုဝင် တွေကို ဘယ်လို ပုံစံနဲ့ ဆက်ဆံမယ် ဆိုတာတော့ မသိတော့ဘူးလို့ ဆိုပါတယ်။
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) က စစ်သည် တချို့နဲ့ တပ်မိသားစု၊ ဝန်ထမ်းတချို့ တွေဟာ ဩဂုတ်လ ၃ ရက်နေ့မှာ အလံဖြူထောင် လက်နက်ချလိုက်တာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW