ပေကျင်း၊ ဩဂုတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)
တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် လက်ခံတဲ့နိုင်ငံတိုင်းကို ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူတွေဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ နယူးယောက်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။
အသက် ၈၉ နှစ်အရွယ် ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို တရုတ်အစိုးရက အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားအဖြစ် ယူဆထားပြီး နိုင်ငံတိုင်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်တွေ့ဆုံတာတွေကို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိတွေ့ဆုံမှုကိုလည်း အမေရိကန်ဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမေရိကန်က နိုင်ငံရေးခွဲထွက်လှုပ်ရှားမှုတွေမှာ ဒလိုင်းလာမားကို ပါဝင်ခွင့်မပြုဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ အမေရိကန်က ဖိအားပေးထားတဲ့ ဥပဒေတရပ်ကိုလည်း တရုတ်က ပြင်းထန်စွာကန့်ကွက်ပြီး မိမိအကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
အမေရိကန်အနေနဲ့ တိဘက်ဆိုင်ရာ အထူးညှိနှိုင်းရေးမှူးတယောက်ခန့်အပ်တာဟာလည်း တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Ref:Reuters
Photo:PTI
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...