လကမ္ဘာရဲ့ မြေဆီလွှာကနေ ရေထုတ်နိုင်မယ့် နည်းလမ်းတွေ့ပြီလို့ တရုတ်သိပ္ပံပညာရှင်တွေ ကြေညာ

ပေကျင်း၊ ဩဂုတ်-၂၃-၂၀၂၄
မျိုးဆက်(VOM)
လကမ္ဘာရဲ့ မြေဆီလွှာကနေ ရေထုတ်နိုင်မယ့် နည်းပညာသစ်တခုကို တီထွင်ခဲ့ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီက သုတေသီအဖွဲ့တဖွဲ့က ဒီနည်းလမ်းကို တီထွင်နိုင်ခဲ့ကြတာလို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီအဖွဲ့ဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ လူလိုက်ပါခြင်းမရှိတဲ့ Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်က ပြန်လည်ယူဆောင်လာတဲ့ နမူနာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေခဲ့ကြတာဖြစ်ပါတယ်။
လရဲ့ မြေဆီလွှာကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်မှာ အပူပေးလိုက်မယ်ဆိုရင် တွေဟာ ရေငွေ့ထွက်ပေါ်လာမယ့် ဟိုဒရိုဂျင်နဲ့ အိုင်းယွန်းအောက်ဆိုဒ် ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှုတခုဖြစ်တယ်လို့ သုတေသီအဖွဲ့က ပြောပါတယ်။
လကမ္ဘာရဲ့ မြေဆီလွှာ ၁ ဂရမ်ကနေ ရေ ၇၆ မီလီဂရမ်ထိ ထုတ်နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ မြေဆီလွှာကို အပူပေးဖို့ကိုလည်း တခြားစွမ်းအင်မသုံးဘဲ နေရောင်ခြည်ကိုသာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
သုတေသီတွေဟာ လကမ္ဘာရဲ့မြေဆီလွှာကနေ ရေထုတ်ယူရေနဲ့ပတ်သက်တဲ့ နောက်ထပ်စမ်းသပ်မှုတွေကို ၂၀၃၀ ခုနှစ်မှာ လွှတ်တင်မယ့် Chang’e-8 မစ်ရှင်မှာ ပြုလုပ်ဖို့ရည်ရွယ်ထားပါတယ်။ သိပ္ပံနည်းကျစမ်းသပ်မှုတွေနဲ့ အရင်းအမြစ်တွေ ဖွံ့ဖြိုးရေးအတွက် လကမ္ဘာ သုတေသနစခန်းတခုကို ၂၀၃၅ ခုနှစ်မှာ တည်ဆောက်ဖို့ရည်မှန်းထားပါတယ်။
လကမ္ဘာပေါ်တွင် အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု၊ စွမ်းအင်နဲ့ ရေရရှိရေးတို့အတွက် တရုတ်နဲ့ အမေရိကန်အပါအ၀င်နည်းပညာဖွံ့ဖြိုးပြီး နိုင်ငံများက အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
Ref:NHK
Photo:CPF/CGTN

Related posts

Leave a Comment

VOM News

FREE
VIEW