ရုရှား အကျဉ်းထောင်ဆူပူမှု အထူးတပ်ဖွဲ့ စီးနှင်းထိန်းချုပ်ခဲ့ရပြီး ဓါးစာခံလေးယောက်သေ

မော်စကို၊ ဩဂုတ်-၂၄-၂၀၂၄
မျိုးဆက်(VOM)
ရုရှားရှိ ဝေးလံခေါင်သီတဲ့ ကိုလိုနီအကျဉ်းထောင်တခုမှာ အကျဉ်းသားအများအပြားက ဆူပူပုန်ကန်မှုတွေပြုလုပ်ပြီး ဓါးစာခံတွေကို ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဝန်ထမ်း လေးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိုင်အက်စ်စစ်သွေးကြွလို့ သတ်မှတ်ခံထားရတဲ့ ဓါးကိုင်အကျဉ်းသားတွေဟာ အနောက်တောင်ပိုင်း ဗိုလ်ဂိုဂါ့ဒ်ဒေသရှိ အိုင်အေ-၁၉ ဆူရိုဗစ်ကီနို အကျဉ်ထောင်အတွင်းမှာ ဆူပူအုံကြွမှုကြောင့် ရုရှားအထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်ခဲ့ရပါတယ်။
ဖြစ်စဉ်အတွင်း ဓါးစာခံအချို့ လွတ်မြောက်စေခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းလေးယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးစစ်ဆင်ရေးအတွင်း တိုက်ခိုက်သူလေးယောက်ကိုလည်း စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သုတ်သင်ခဲ့ပါတယ်။
တိုက်ခိုက်သူတွေဟာ အကျဉ်းထောင်ဝန်ထမ်းများကို ဓါးကိုင်တိုက်ခိုက်မှုကြောင့် ဝန်ထမ်းအများအပြား ဒဏ်ရာရရှိသွားကြောင်း ၊ တိုက်ခိုက်သူတွေဟာ ထောင်ဝန်ထမ်းရှစ်ယောက်နဲ့အကျဉ်းသားလေးယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အကျဉ်းထောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတို့ ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ အကျဉ်းထောင်တခုလုံးကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo: Rosgvardia/Baza

Related posts

Leave a Comment

VOM News

FREE
VIEW