ဂျီနီဗာ၊ ဩဂုတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)
အာဖရိကမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အာဖရိကဒေသ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ရပ်နိုင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဒေါ်လာ ၁၃၅ သန်းလိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ဆိုပါတယ်။
ကွန်ဂိုတွင် အဓိကဖြစ်ပွားနေတဲ့ မျိုးကွဲသစ်အပါအဝင် ကူးစက်မှုတွေဟာ အာဖရိကဒေသပြင်ပထိ ပျံ့နှံ့လာပြီးနောက်မှာ ဒီရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။
ရောဂါတားရေးအတွက် ကျယ်ကျယ်ပြန့်ပြန် ညှိနှိုင်းဆောင်ရွက်ရမယ့် အစီအစဉ်တွေ လိုအပ်တယ်လို့ သူကဆိုပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ပ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့မဟာဗျူဟာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုအစီအစဉ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထိ အကြုံးဝင်မှာဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိတဲ့ တိရိစာ္ဆန်တွေကနေ လူကို ကူးစက်မှုနဲ့ လူလူချင်း အနီးကပ်ထိတွေ့မှုတွေကြောင့် ကူးစက်တတ်ပြီး လူ ၁၀၀ မှာ လေးယောက် သေဆုံးမှုနှုန်းရှိ ပါတယ်။ လက်ရှိမှာတော့ အာရှဒေသမှာ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူအပါအဝင် နိုင်ငံအချို့မှာ ကူးစက်မှုတွေ ရှိနေပါတယ်။
Ref:AFP
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...