ပေကျင်း၊ ဩဂုတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)
တရုတ်စစ်တပ်ဟာ တရုတ်-မြန်မာ နယ်စပ်အနီးမှာ လက်နက်အစစ်တွေ ၊ ကျည်အစစ်တွေနဲအတူ မြေပြင် ဝေဟင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနေ့မှာ စတင်မှာဖြစ်ပါတယ်။ လေ့ကျင်မှုကိုတော့ ဩဂုတ် ၂၉ ရက်ထိ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါဟာ ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်တွေအကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာ ပြုလုပ်တာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုကို ရွှေလီအပါအဝင် ယူနန်ပြည်နယ် နေရာလေးနေရာမှာ ပြုလုပ်သွားမယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနယ်စပ်မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ တရုတ်တပ်ဖွဲ့ဝင်တွေရဲ့ လျှင်မြန်စွာ ရွှေ့ပြောင်းနေရာယူခြင်း၊ ပိတ်ဆို့ထိန်းချုပ်ခြင်း၊ ပူးတွဲတိုက်ခိုက်ခြင်း၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ရာမှာ တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို စမ်းသပ်ရန်ဖြစ်ကြောင်း တရုတ်တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုစီးပွားဘ၀တွေအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိနေတယ်လို့ တရုတ်နိုင်ငံပြောဆိုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ တရုတ်နိုင်ငံရဲ့ ကတိကဝတ်တွေ ဆက်လက်ရှိနေမယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ စစ်ပွဲတွေကို တရုတ်နိုင်ငံက မလိုလားဘူးလို့ ဝမ်ယီကဆိုပါတယ်။ တရုတ်စစ်တပ်ဟာ ဲ့ နိုဝင်ဘာလအတွင်းကလည်း မြန်မာနယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ တရုတ်ရဲ့ ကမကထပြု ညှိနှိုင်းမှုကြောင့် နစကနဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမယ့် ဇွန်လအတွင်းမှာတော့ နှစ်ဘက်အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
Ref:Nikkei Asia/ VOA
Photo: Zhai Xuesheng
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...