ဂျပန်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ပြီ

တိုကျို၊ ဩဂုတ်-၂၈-၂၀၂၄
မျိုးဆက်(VOM)
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်မယ့် အင်းအားပြင်းမုန်တိုင်း ရှန်ရှန်ကြောင့် အာဏာပိုင်တွေက ဒီနေ့မှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အလွန်ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ဟာ တစက္ကန့်ကို မီတာ ၅၀ ကနေ ၇၀ နှုန်း သို့မဟုတ် တနာရီလေတိုက်နှုန်း ၂၅၂ ကီလိုမီတာထိ ရှိမယ်လို့ မိုးလေဝသထာနက သတိပေးထားပါတယ်။
ယနေ့အချိန်ထိ မတွေ့ရဖူးသေးတဲ့ လေပြင်းတို်ကခတ်မှု ၊ လှိုင်းကြီးမှုနဲ့ ဒီရေတက်တာတွေနဲ့ပတ်သက်ပြီး သတိပြုကြဖို့ ဂျပန်မိုးလေဝသ အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုန်တိုင်းရှန်ရှန်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း နိုင်ငံအနောက်ပိုင်း ကျူရှူးကျွန်းကိုလည်း ဝင်ရောက်တိုက်ခတ်နိုင်ပြီး သီတင်းပတ်ကုန်ပိုင်းမှာတော့ ကုန်းတွင်းပိုင်းဖြစ်တဲ့ တိုကျိုအပါအဝင် နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေထိပါ ဝင်ရောက်တိုက်ခတ်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အလယ်ပိုင်း အိုင်ချီ၊ ရှီဇူအိုကာ စီရင်စုနဲ့ ကျူရှူးကျွန်းရှိ ကာဂိုရှီးမားစီရင်စုမှာ နေထိုင်သူ ရှစ်သိန်းကျော်ကို လေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုအရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် တိုယိုတာမော်တော်ကားကုမ္ပဏီဟာ ပြည်တွင်းကားစက်ရုံအားလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။ မုန်တိုင်းကြောင့် လေကြောင်းလိုင်းနဲ့ ရထားပြေးဆွဲမှုတွေလည်း ပြေးဆွဲမှု ရပ်နားထားရပါတယ်။
Ref:Reuters
Photo:Reuters/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW