ဂါဇာစီးတီး၊ ဩဂုတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ တိုက်ပွဲတွေကို ယာယီရပ်ပေးမယ်လို အစ္စရေးက သဘောတူခဲ့ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ ကလေးငယ်ပေါင်း ခြောက်သိန်းလေးသောင်းကျော်ကို ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူ တယောက်ကပြောပါတယ်။
ကာကွယ်ဆေးထိုးအစီအစဉ်ကို ဂါဇာအလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ သီးခြားစီပြုလုပ်သွားမှာဖြစ်ပြီး အဆင့်တခုစီတိုင်းမှာ ဒေသစံတော်ချိန် မနက် ၆ နာရီကနေ နေ့လယ် ၃ နာရီထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ခေတ္တရပ်နားပေးမယ်လို့ အစ္စရေးစစ်တပ်က သဘောတူထားပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ၂၅ နှစ်တာကာလအတွင်း ကလေးငယ်တယောက်မှာ ပထမဆုံး ပိုလီယိုရောဂါ ကူးစက်မှုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်အပေါ် အစ္စရေးစစ်တပ်က သဘောတူခဲ့တာဖြစ်ပါတယ်။
ကလေးငယ်တွေကို ပါးစပ်မှတဆင့်တိုက်ကျွေးရတဲ့ အမျိုးအစားနှစ် ပိုလီယိုကာကွယ်ဆေး nOPV2 ၁ ဒသမ ၂၆ သန်းဟာ ဂါဇာကိုရောက်ရှိနေပြီး များမကြာခင်မှာ နောက်ထပ်ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:AFP
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...