မန္တလေး – မူဆယ် လမ်းမှာ ခရီးသွားပြည်သူတွေကို ပိုမို တင်းကြပ်လာပြီး စမတ်ကဒ် သိမ်းခံရသူတွေ ရှိနေ



ဩဂုတ် ၃၁၊ ၂၀၂၄
Shy V (VOM)

မန္တလေး – မူဆယ် လမ်းမှာ လတ်တလောခရီးသွားပြည်သူတွေကို ပိုမို တင်းကြပ် စစ်ဆေး လာပြီး စမတ်ကဒ် သိမ်းခံရသူတွေ ရှိနေကြောင်း ခရီးသွား ပြည်သူတွေဆီက သ်ရပါတယ်။

“မန္တေလး ကနေတက်လာရင် စစ်တပ်က သံရွာမာ စစ်တယ်။ ရပ်စောက်ထိ နစက စစ်သားတွေတွေ့တယ်။ ဂိတ်တွေ တိုင်းစစ်နေတာတွေ့ရတယ်။ ကျွန်မတို့က ၁၃ / စစ်ရှောင်ဆိုတော့ ဘာမှ မပြောဘူး။” လို့ မန္တလေးကနေ မူဆယ်ကို လာခဲ့တဲ့ မိန်းကလေး နှစ်ယောက်က ပြောပါတယ်။

တခြားကားမှာ စစ်ကိုင်း၊ မေကွး၊ ချင်း၊ ရခိုင် က မှတ်ပုံတင် ဆိုရင် ပြန်လှည့်လို့ ပြောနေသံကြားရတယ်။ တကယ်လှည့်ရတာလား၊ မလှည့်ရဘူးလားတော့ မသိဘူး လို့ သူတို့ နှစ်ယောက်က ပြောပြပါတယ်။

နမ့်လန်ကျော်လာရင်တော့ လမ်းတလျှောက်နမ့်ပေါင်ဘက်နားအထိတော့ ရှမ်းစစ်သား (SSPP) တွေရှိနေကြပြီး နမ့်ပေါင် ကနေတော့ MNDAA တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

“နမ့်ခမ်းရောက်တော့ ပလောင် (TNLA) စစ်သားတွေ ကျွန်မတို့ကို စမတ်ကတ်ပါလားလို့ မေးတယ်။ ကျွန်မတို့က မှတ်ပုံတင်ပဲပါတယ်လို့ ပြလိုက်တော့ သွားလို့ ရသွားတယ်။ ခရီးသည် ကားတစီးက တရုတ်ပြည်ဘက် အလုပ်သွားလုပ်မယ့် ခရီးသည်တွေရဲ့ စမတ်ကတ်တွေ အားလုံးကို ပလောင် စစ်သားတွေ သိမ်းသွားတယ်။ မင်းတို့ရဲ့ သူဌေးကို လာရွေးခိုင်းလို့ ပြောတယ်” လို့ သူတို့ နှစ်ယောက်က ထပ်ရှင်းပြပါတယ်။

ဘာဖြစ်လို့ အလုပ်သွားလုပ်မယ့် သူတွေရဲ့ စမတ်ကတ်တွေကို သူဌေး နဲ့ လာရွေးခိုင်းလဲ မသိဘူး၊ ငွေတောင်းချင်လို့ လားမသိဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်ဘက် အလုပ်သွားလုပ်မယ့်သူတွေဟာ ရပ်ရွာ တကယ်ခက်ခဲတဲ့ အခြေခံ လူတန်းစားတွေဖြစ်ပြီး စမတ်ကတ် သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာဟာ အရမ်း ဒုက္ခရောက် စေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မူဆယ် နန်းတော်နဲ့ ဆင်ဖြူ နယ်စပ်ဂိတ်ပေါက် တွေကနေ ပုံမှန် အဝင်အထွက် ရှိနေပြီး တရုတ်ဘက် နယ်စပ်ယာယီ ဖြတ်သန်းခွင့် ၇ ရက်ကဒ်နဲ့ ဝင်ရောက်မယ့်သူတွေ အနေနဲ့ တော့ ဘာပစ္စည်းမှ သယ်ယူလို့ မရပါဘူး။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW