လားရှိုးကို နစကဘက်က လေကြောင်းနဲ့ ပြန်တိုက်လာ

ဩဂုတ် ၃၁၊ ၂၀၂၄
Shy (VOM)
ဩဂုတ်လ ၃၀ ရက်နေ့ မနေ့ည ၉နာရီဝန်းကျင်က လားရှိုးမြို့ပေါ်ကို နစကတပ်ဘက်ကနေ လေကြောင်းနဲ့ ပြန်တိုက်လာ‌ ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“လားရှိး ရပ်ကွက် ၉ ဘက် အထက ၈ မရောက်ခင် မီးပွိုင့်နားဘက်ကျတာက အိမ် တအိမ်ထိတယ်။ တိုင်းရုံးဘက်နဲ့ လေယာဉ်ကွင်းဘက်ရော ကျတယ် ကြားတယ်။” လို့ဒေသခံ တယောက်က ပြောပါတယ်။
ဖြစ်စဥ်ဖြစ်တဲ့ဘက်ဟာ ဘူတာနဲ့လည်း နီးသလို ၆၀၂ ထောက်ပို့ တပ်နဲ့လည်း နီးတာဖြစ်ပြီး ညပိုင်းအချိန်မို့ အထိအခိုက်တော့ အသေးစိတ် မသိရသေးဘူး လို့ ပြောပါတယ်။
“လူတွေတော့ ဘာမှတော့ မဖြစ်ဘူးတဲ့။ တော်သေးတာပေါ့။ တချို့က မပေါက်ကွဲဘူးလို့ ပြောတယ်။စစ်တပ်တွေထဲမှာ MNDAA တွေ နေနေမယ်ထင်လို့ လာချသွားတာ နေမယ်၊ လားရှိုးနဲ့ ၅ မိုင်အကွာက မန်အိုင်၊ ကုန်းညောင်ဘက်လည်း ၄ လုံးလောက်လာကြဲတယ် လို့ ကြားတယ်လို့ ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ညနေ ၅ နာခွဲကျော်ခန့်ကလည်း အင်းဝိုင်း အမှတ် ၂ သကြားစက်ရုံဝင်း ထဲ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာ ရှိခဲ့ပြီး လူအထိအခိုက် မရှိခဲ့ ပေမယ့် အဆောက်အဦး ထိခိုက်တာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့မှာ ဩဂုတ်လ ၂၉ ရက်နေ့ည သန်းခေါင် အချိန် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမှတ် ၁ ရပ်ကွက်နဲ့ ပင်ပေါလေးရပ်ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး နဲ့ အဲဒီ အနီးနားက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူ အထိအခိုက် မရှိကြောင်း TNLA ဘက်က သတင်း ထုတ်ထားပါတယ်။
နစကဘက်ကတော့ မြောက်ပိုင်း မဟာမိတ်ညီနောင်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းနဲ့ ပြန်လည် ဗုံးကြဲ တိုက်ခိုက် လာနေတာဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW