လားရှိုးမှာ MNDAA တွေ ခေါ်ဆောင်သွားတဲ့ တပ် မိသားစုဝင် ၃၀၀ ကျော်ကို   ပြန် လွှတ်ပေး

ဩဂုတ် ၇၊ ၂၀၂၄ Shy V (VOM) လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ လက်နက်ချသွားတဲ့  MNDAA တွေ ခေါ်ဆောင်သွားတဲ့ စစ်သည် တွေရဲ့ တပ် မိသားစုဝင် ၃၀၀ ကျော်ကို ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ပထမ တသုတ် အဖြစ် ပြန် လွှတ်ပေးလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး ရမခ က တပ်မိသားစု ဝင်တွေကို မိုင်းရယ် ဘက် ပြန်လွဇတ်ပေးလိုက်တယ်လို့ ကြားတယ်။ လမ်း တဝက်မှာ SSPP တပ်ဖွဲ့က လာကြိုတယ် ကြားတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လားရှိုးကနေ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းရယ်ဘက် ပို့ဆောင်တဲ့ လမ်းမှာ…

Read More

This Day in History

  Voice of Myanmar ဒုတိယ ကမ္ဘာစစ်အတွင်း ပစိဖိတ်စစ်ဌာနချုပ်မှ မဟာမိတ်များ၏ ပထမဆုံး ထိုးစစ်ဆင်မှုအဖြစ် အမေရိကန်မရိန်းတပ်သားများသည် ၁၉၄၂ ခုနှစ် ဩဂုတ် ၇ ရက်တွင် ဂွါဒယ်ကန်ကျွန်းကို စစ်ဆင်ရေးစတင်ခဲ့ပြီး ဂျပန်လေယာဉ်ကွင်းကို သိမ်းယူပြီးနောက် ခြောက်လကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August7

Read More

ပြည်ပအလုပ်ခေါ်စာတွေ ရှိပေမယ့်တရားဝင်လွှတ်ရမယ့် လုပ်သားရှားပါးလာလို့ အေဂျင်စီတွေ အခက်တွေ့နေ

  ဩဂုတ် ၇ – ၂၀၂၄ SN (VOM) ပြည်ပနိုင်ငံတွေကနေ အလုပ်ခေါ်စာတွေရှိပေမယ့် ပြည်တွင်းက တရားဝင်စေလွှတ်ရမယ့် လုပ်သားတွေ ရှားပါးလာတဲ့အတွက် အခက်တွေ့နေရတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှစတင်ကာ အခုလို လုပ်သားရှားပါးတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်နေတာဖြစ်ပြီး အေဂျင်စီတွေအနေနဲ့ လက်ရှိမှာ လူ အယောက် ၁၀၀ အလုပ်ခေါ်စာရှိတယ်ဆိုရင် လူ အယောက် ၅၀ လောက်သာ စေလွှတ်နိုင်ကာ လူ ၅၀ ခေါ်စာဆိုရင်တော့ လူ ၂၀ ကနေ ၃၀ ဝန်းကျင်လောက်သာ ရှာဖွေပြီး စာချုပ်ချုပ်ဆို စေလွှတ်နိုင်တော့တယ်လို့ သိရပါတယ်။ “အရင်က တဦးချင်း ခရီးသွားမှုကိုပဲ ကန့်သတ်မယ်လို့ပဲ သိထားတာ။ အခုက အေဂျင်စီတွေ ချိတ်ပြီး သွားလာနေတဲ့သူတွေကိုပါ ကန့်သတ်မှုတွေ ရှိလာတယ်။ စစ်မှုထမ်းဥပဒေ…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၈၁ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၅၃၁၄ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၇ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၅၀၀ ကျပ် ဝယ်ဈေး – ၅၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၄၀၀၀ ကျပ် ဝယ်ဈေး – ၃၉၀၀ ကျပ် -ယူရို ရောင်းဈေး – ၅၈၈၀ ကျပ် ဝယ်ဈေး – ၅၆၂၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၅၁.၅၂ ကျပ် ဝယ်ဈေး – ၁၄၄.၉၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၂၀၀ ကျပ် ဝယ်ဈေး – ၁၁၄၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၅၀ ကျပ်…

Read More

ကွတ်ခိုင် လက်နက်ကြီးကျရောက်မှု ခြောက်ယောက် သေဆုံးပြီး ဆိုင်ခန်း ၄၀၁ ခန်းမီးလောင် ပျက်စီး

  ဩဂုတ် ၇၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း လေကြောင်း ဗုံးကြဲခံရလို့ လူခြောက် ယောက်သေဆုံးပြီး ဆိုင်ခန်း ၄၀၁ ခန်းမီးလောင် ပျက်စီးသွားကြောင်း TNLA နဲ့ MNDAA တွေရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီက ကွတ်ခိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နစက ဘက်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ ရှိ ဒေသခံပြည်သူ ၆ ယောက် ဗုံးစထိမှန်သေဆုံးပြီး ၁၀ ယောက်ထိခိုက်ဒဏ်ရာရကာ…

Read More

ပြည်နယ်အုပ်ချုပ်ရေးမှူး တင်ဝေါဇ်ကို ကမလာဟားရစ်နဲ့အတူ ဒုသမ္မတဝင်ပြိုင်ဖို့ ရွေးချယ်

  ဝါရှင်တန်၊ ဩဂုတ်-၇-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မလောင်း ကမလာဟားရစ်ဟာ လာမယ့်နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ သူမနဲ့ အတူဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်ဝေါဇ်ကို ရွေးချယ်လိုက်ပါတယ်။ စစ်ပြန်၊ နည်းပြ၊ ကျောင်းဆရာနှင့် နိုင်ငံရေးသမားဖြစ်သူ တင်ဝေါဇ် ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ရွေးချယ်နိုင်ခဲ့ခြင်းက အလွန်ကောင်းမွန်တဲ့ အရာဖြစ်ကြောင်း ဒုတိယသမ္မတ ကမလာဟားရစ်က ဆိုသည်။ တင်ဝေါဇက်တော့ ဟားရစ်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ခွင့်ရတာက တသက်တာ ဂုဏ်ယူစရာလို့ ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ အဓိကမဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို ဩဂုတ် ၆ ရက်ကနေ ၁၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အသက် ၆၀ နီးပါးအရွယ် ဒုသမ္မတလောင်း တင်ဝေါဇ်ဟာ အမျိုးသားအစောင့်တပ်မှာ ၂၄ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် အထက်တန်းကျောင်းဆရာအဖြစ် အသက်မွေးခဲ့ပါတယ်။ အဲဒီနောက်မှာ အောက်လွှတ်တော်အမတ်ဖြစ်လာခဲ့ပြီး ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့…

Read More

ဒေသတွင်း တင်းမာနေချိန် ဖိလစ်ပိုင်က အခြားသုံးနိုင်ငံနဲ့အတူ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်

  မနီလာ၊ ဩဂုတ်-၇-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျတို့ဟာ တောင်တရုတ်ပင်လယ်မှာ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနေ့ ဩဂုတ် ၆ ရက်မှာ စတင်လိုက်ပါတယ်။ ရေတပ်နဲ့ လေတပ်တွေပါဝင်တဲ့ လေးနိုင်ငံ နှစ်ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အငြင်းပွားဖွယ် တောင်တရူတ်ပင်လယ်မှာ ပထမဆုံးသော ဖိလစ်ပိုင်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ တပတ်က ပြုလုပ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ မဟာမိတ် အမေရိကန်ဟာလည်း ဖိလစ်ပိုင်-ဂျပန်စစ်ရေးလေ့ကျင့်ခဲ့တဲ့ အငြင်ပွားဖွယ်ရေလမ်းကြောင်းမှာ အခြားနိုင်ငံတွေနဲ့အတူ ဇွန်လအတွင်းက စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါသေးတယ်။ တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ခုတ်မောင်း၊ ပျံသန်းခွင့်ကို ထောက်ခံကြောင်း လေးနိုင်ငံက ပူးတွဲထုတ်ပြ်နထားပြီး စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် ရေမိုင် ၂၀၀ အတွင်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းတွေကို ပိုင်ဆိုင်ကြောင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့က အပြိုင်အဆိုင် တောင်းဆိုနေပေမယ့်…

Read More

သာပေါင်းမှာ အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်နေဆဲဖြစ်ပြီး အကူအညီတွေ မရသေး

ဩဂုတ် ၇ – ၂၀၂၄ SS (VOM) ဧရာဝတီတိုင်း၊ သာပေါင်းမြို့မှာ င၀န်မြစ်ရေကြီးမှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ခေါင်မိုးအထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အကူအညီတွေ မရရှိသေးဘူးလို့ ‌လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ သာပေါင်းမြို့နယ်ရှိ စစ်ပင်ကြီးကျေးရွာအုပ်စုနဲ့ ကျားရဲကျေးရွာအုပ်စုတို့က အိမ်ခြေ ၆၀၀ ကျော် ခေါင်မိုးအထိ ရေနစ်မြုပ်နေတာဖြစ်ပြီး ဒေသခံ ၂၀၀၀ ကျော်ခန့် ဓမ္မာရုံတွေနဲ့ နေအိမ်အမိုးအဆင့်တွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။ “ဧရာဝတီတိုင်းထဲမှာ သာပေါင်းမြို့နယ်က ရေကြီးတာ အခံရဆုံး လို့ ပြောလို့ရတယ်။ ကျေးရွာအုပ်စု ၇၀ ကျော်ရှိတာ ၆၀ ကျော်လောက် ရေကြီးနေတယ်။ စစ်ပင်ကြီးနဲ့ ကျားရဲဘက်ဆိုရင် ခေါင်မိုးအထိ မြုပ်နေတာ။ ပြီးတော့ ဒီရွာတွေက အလှမ်းဝေးတဲ့ နေရာတွေလည်းဖြစ်တယ်။ သာပေါင်း မြို့နယ်ကပဲလာလာ၊ ကန်ကြီးဒေါင့်ကပဲ လာလာ။ အသုတ်မြို့…

Read More

ထိုင်း ရွေးကောက်ပွဲအနိုင်ရ Move Forward ကို ဖျက်သိမ်းပြီး ခေါင်းဆောင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်

  ဘန်ကောက်၊ ဩဂုတ်-၇-၂၀၂၄ မျိုးဆက်(VOM) နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိပြီး အစိုးရဖွဲ့ခွင့်မရခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းဖို့ ထိုင်းတရားရုံးက ဒီနေ့ ဩဂုတ် ၇ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။ တရားရုံးရဲ့ ဒီစီရင်ချက်ကြောင့် ပါတီခေါင်းဆောင် ပီတလင်ဂျာရိုနက်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင် ၁၀ ယောက်တို့ကို နိုင်ငံရေးကနေ ၁၀ နှစ်ပိတ်ပင်ခံရမှာဖြစ်ပါတယ်။ Move Forward ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွေအတွင်း ထိုင်းဘရင်စနစ်ကို စော်ကားပါက ပြစ်ဒဏ်ချမှတ်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကတိပေးတာတွေအပါအဝင် ဥပဒေချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒီဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာဟာ ထိုင်းဘုရင်စနစ် ပျက်သုန်းဖို့ တောင်းဆိုတာပဲလို့ ထိုင်းတရားရုံးက ပြောပါတယ်။ ဒီနေ့စီရင်ချက်ဟာ ထိုင်းဘုရင်ရဲ့ ဩဇာအာဏာနဲ့ အဆင့်အတန်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ လက်ရှိအစိုးရရဲ့ လိုလားချက်ကို ထင်ဟပ်နေတယ်လို့…

Read More
VOM News

FREE
VIEW