ဝါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နဲ့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီနေ့ စက်တင်ဘာ ၁၀ က ဆွေးနွေးခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ ဒေသတွင်းမှာ အန္တရာယ်ရှိပြီး အကျပ်ကိုင်တဲ့ နည်းလမ်းတွေ အပြုအမူတွေကို ပြန်လည်သုံးသပ်ဖို့ တရုတ်ဘက်ကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေဆဲဖြစ်ပြီး တင်းမာမှုတွေရှိနေချိန်မှာ အခုလို ဆွေးနွေးမှု ထွက်ပေါ်လာတာပါ။
ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့အတွက် စစ်ဘိုင်ဆိုင်ရာ ဆွေးနွေးပွဲတွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ဘုံစိုးရိမ်ပူပန်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေကြပါတယ်။
ဒီနေ့မှာတော့ တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းစစ်ဒေသအကြီးအကဲ ၀ူယန်နန်နဲ့ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသတပ်မှူး ဆင်မျူရယ်ပါပါရိုတို့ နှစ်နိုင်ငံအရေးတွေ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
နှစ်နိုင်ငံစစ်တပ်အကြား အထင်အမြင်လွဲမှားမှုနဲ့ တွက်ချက်မှုအမှားအယွင်းများကြောင့် ပဋိပက္ခအန္တရာယ်ကို လျှော့ချရန် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုတယ်လို့ သူကတိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
Ref:AFP
Photo:AP
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...