စက်တင်ဘာ ၁၂၊ ၂၀၂၄
Shy V (VOM)
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်မှာ စက်တင်ဘာလ ၁၁ ရက်နေ့က မြေပြိုလို့ လူ ၁၀ ယောက်ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တောင်ပြိုလာတယ်လို့ ပြောတယ်။ အဲဒီနားက အိမ် ခြောက်အိမ်လောက် ပါတယ်ကြားတယ်။ ဖုန်းပျတ်၊ မီးပျက် ဆိုတော့ အသေးစိတ် မသိရသေးဘူ။ ကျွန်တော်လည်း နှစ်ရက် ထမင်း မစားရဘူး။ ခုမှ ထမင်းစားမလို့” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ပုန်းထွန်ရပ်ကွက် အပိုင် ကျောက်တောင် ဝမ်မိုင် အကွက် ၁၅ မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် မြေပြိုကျနေလို့ အိမ် ခြောက်အိမ် ခန့် ပြိုပါသွားလူ ရှစ်ယောက် ကနေ ၁၀ ယောက် ကြား ပိမိနေကြောင်း၊ ပိမိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြောင်း၊ ထိခိုက်ဒဏ်ရာရ တာရှိကြောင်း ဒေသအခြေစိုက် သတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။
မြေပြိုလာတဲ့ တောင်ပေါ်ဘက် အိမ်ခြေ ၆၀ ခန့်က ဒေသခံတွေ ဘေးလွတ်ရာ ပြေးလာကာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ အားကစားရုံမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
“ပုန်းထွန်ဘက် ရေများနေပါသေးတယ်။ မိုးထပ်မရွာဖို့ပဲ မျှော်လင့်ရမှာပါ။ လာအိုဘက်မှာတော့ မနက် ၃ နာရီကျရင် မဲခေါင်မြစ်ရေတက်မယ်လို့ ပြောတယ်။ မယ်ဆိုင်ချောင်းက မဲခေါင်မြစ်ထဲ မစီးနိုင်ရင် တာချီလိတ်က ရေထပ်တက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
တချို့ရပ်ကွက်တွေမှ ရေတွေ ကျလာတာရှိနေပေမယ့် တချို့ ရပ်ကွက်တွေမှာတော့ အကူအညီရဖို့ ကူညီကယ်ဆယ်ရေး အကူအညီတောင်းနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ရက် နီးပါး ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်သွားကာ မီးဘေး ဖြစ်နိုင်တာကြောင့် လျှပ်စစ်မီးပါ ဖြတ်တောက်ထားရလို့ ကယ်ဆယ်ရေး တွေလည်း ဆက်သွယ်ရခက်ကာ ကူညီကယ်ဆယ်ရေး အကြပ်အတည်း ဖြစ်သွားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မှာတော့ နှစ်ပေါင်း ၄၀ အတွင်း မကြုံဖူးတဲ့ အဆိုးဝါးဆုံး ရေကြီးမှုနဲ့ ကြုံခဲ့ရပြီး မြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၅ ခု ခန့် ရေဘေး နဲ့ ရက်ဆိုင်ခဲ့ရကာ မထင်မှတ်တဲ့နေရာတွေမှာပါ ရေတက်လာတာကြောင့် ပျက်သီးဆုံးရှုံးမှုများပြီး ရေကြီးမှုရဲ့ နောက်ဆက်တွဲ မြေပြိုတာတွေပါ ကြုံလာနေရတယ်လို့ ဆိုပါတယ်။
Photo Crd# ဒေသခံ
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...