ကွန်ဂိုမှာ အာဏာသိမ်းဖို့ကြံတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေ အပါအဝင် ၃၇ ယောက်ကို သေဒဏ်ချ



ကင်ရှာဆာ၊ စက်တင်ဘာ-၁၄-၂၀၂၄
ရတီ (VOM)

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ သမ္မတကို ဖြုတ်ချအာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ အမေရိကန်သုံးယောက်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါနိုင်ငံသားတယောက်စီအပါအဝင် လူ ၃၇ ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတနန်းတော်နဲ့သမ္မတ မဟာမိတ်တယောက်ရဲ့ နေအိမ်ကို တိုက်ခို်ကမှုမှာ ဦးဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ သေဒဏ်စီရင်တာတွေကို ကွန်ဂိုမှာ မလုပ်တာ ပျှမ်းမျှအားဖြင့် နှစ် ၂၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။

လုပ်ကြံမှုရဲ့ခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့ တိုက်ခို်ကမှုရဲ့ခေါင်းဆောင် ကွန်ဂိုနွယ်ဖွား အမေရိကန်နိုင်ငံသား ခရစ်တီယန်မာလာဂါဟာ တိုက်ခို်ကမှုအတွင်း အခြားငါးယောက်နဲ့အတူ သေဆုံးခဲ့ပါတယ်။

မာလာဂါရဲ့ သားဖြစ်သူ အမေရိကန်နိုင်ငံသား မာဆယ်ကတော့ ဒီတိုက်ခိုက်မှုမှာ မပါဘူးဆိုရင် သူ့ကို သတ်ပစ်မယ်လို့ ဖခင်ဖြစ်သူက ခြိမ်းခြောက်ခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လူပေါင်း ၅၁ ယောက်ကို စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပြီး ကြားနာမှုတွေကို နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ၎င်းတို့အနက် ၁၄ ယောက်ဟာ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ခြင်းမရှိတာကြောင့် တရားသေပြန်လွှတ်ပေးခဲ့ပါတယ်။

အာဏာသိမ်းဖို့ကြိုးပမ်းမှုဟာ မေ ၁၉ ရက်အစောပိုင်းက ဖြစ်ပွားခဲ့ပြီး စစ်တပ်ယူနီဖောင်းဝတ်ထားတဲ့ လက်နက်ကိုင် အယောက် ၂၀၀ လောက်ဟာ ကင်ရှာဆာရှိ ပါလီမန်ဥက္ကဌရဲ့ နေအိမ်ကိုတိုက်ခိုက်ပြီးနောက်မှာ သမ္မတနန်းတော်ကိုပါ ဦးတည်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW