မြစ်သားမြို့နယ်၊ နတ်လွှဲ (အရှေ့) ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်ပြီး အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေ

စက်တင်ဘာ ၁၄၊ ၂၀၂၄
Shy V (VOM)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မြနဒီ (ဒိုင်း)ကျေးရွာအုပ်စု၊ နတ်လွှဲ (အရှေ့)ရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရေဘေးသင့်ပြီး အစားအသောက်နဲ့ ဆေးဝါး လိုအပ်နေကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေး အသင်းတွေ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။
“အဓိကတော့ သူတို့ စားနပ်ရိက္ခာ နဲ့ ဆေးဝါး လိုမှာပဲဗျ။ စားနပ် ရိက္ခာပေါ့နော်။ ထားလို့ ရမယ့် ကုန်ခြောက် ဆန်၊ ဆီ၊ ဆား၊ ပဲ ပေါ့နော်။ အဲလိုမျိုးလေး တွေလိုမှာ‌ဗျ။” လို့ သွားရောက်ကူညီခဲ့တဲ့ အြည်သူ့ပါတီရဲ့ မန္တလေးတိုင်းတာဝန်ခံ ဦးစိုင်းသန်းထိုက်က VOM ကိုပြောပါတယ်။
တချို့က အိမ်လုံးကျွတ် ရေထဲပါသွားတာ ကြောင့် တချို့ နေစရာတောင် မရှိပဲ ကားလမ်းဘေးမှာ လာပြီးဝောာ့ တဲထိုးနေရကာ ဘုန်ကြီးကျောင်းက အစ ရေ မြှုပ်သွားဝောာ့ ဘုန်းကြီးပါ ရေဘေး ရှောင်ရတာ လို့သူက ပြောပါတယ်။
“ကျနော်တို့ သွားတာ နောက်ဆုံးရွာဗျ။ အိမ်ခြေ ၂၀၀ ကျော်ရှိတယ်။ တစ်ရွာလုံး ရေမြှုပ်သွားတာ ပေါ့နော် အဲရွာလေးက။” လို့ သူက ရှင်းပြပါတယ်။
ကြိုတင်ရှောင်ရှားနိုင်တာကြောင့် သေဆုံးမှုဝောာ့ မရှိဘူး လို့ သူက ပြောပါတယ်။
မြစ်သားမြို့ကနေ ၁၀ မိုင်လောက်ဝင်ရပြီး ပန်းလောင်မြစ်နဲ့ ကပ်လျက်ရွာ ဖြစ်တာကြောင့် ရေ တောက်လျှောက် တရှိန်ထိုး တက်လာကာ ကားလမ်းတွေ ရေကျော်ကုန်ပြီး ရေစီး အရမ်းသန် နေဝောာ့ ကား ရှေ့ဆက်တိုးမရတော့ပဲ ရေမဝင်တဲ့ရွာမှာပဲ လှူလိုက်ရတယ်။ ရေဘေးသင့်ရွာက လူတွေ တချို့ ဘောကွင်းနဲ့ ခဲရာခဲဆစ် လာပြီး ပစ္စည်းကို တနိုင်တပိုင် ကဲ့ယူနေကြရတယ်လို့ ဆိုပါတယ်။
မြစ်သားမြို့နယ် အတွင်းရှိ ရပ်ကွက်တွေမှာ လည်း ရေကြီးလျှံမှု ဖြစ်ပြီး ပိတ်မိနေသူတွေရှိနေကြောင်း မဏီစလ လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။
ရေဘေးသင့် ပြည်သူတွေ အနေနဲ့ လိုအပ်တာတွေ အမှုကြီး ရှိနေပြီး လက်ရှိ လှူဒါန်းထားတာတွေက ပြည့်စုံ လုံလောက်မှု မရှိသေးတာကြောင့် အကူအညီ အများကြီး လို‌အပ်နေသေးတယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
Photo Crd# S Th Ht

Related posts

Leave a Comment

VOM News

FREE
VIEW