ထိုင်ဝမ်ကို စက်လှေနဲ့ခိုးဝင်ဖို့ ကြိုးစားတဲ့ တရုတ်အမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရ



တိုင်ပေ၊ စက်တင်ဘာ-၁၅-၂၀၂၄
ရတီ(VOM)

ထိုင်ဝမ်ကို ရေဘာစက်လှေတစင်းနဲ့ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ တရုတ်အမျိုးသားတယောက်ကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

နယူးတိုင်ပေမြို့ ကမ်းရိုးတန်းကနေ မီတာ ၁၀၀ အကွာမှာ ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရုတ်အမျိုးသားကို တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ တရုတ်မှာ အကြွေးတွေရှိနေတာကြောင့် ထိုင်ဝမ်မှာ ဘ၀သစ်စလိုတယ်လို့ အဲဒီအမျိုးသားကဆိုပါတယ်။

လက်ရှိမှာတော့ ရေဓါတ်ခမ်းခြောက်တဲံ လက္ခဏာတွေကြောင့် သူ့ကို ဆေးရုံပို့ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ စက်လှေဟာ ရေဒါစနစ်က ဖမ်းမိဖို့အလွန်သေးငယ်တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။

ထိုင်ဝမ်ကို ခိုးဝင်ဖို့ကြိုးပမ်းတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ်အာဏာပိုင်တွေက သတိပေးချက် တိုးမြှင့်ထားချိန်မှာ အခုလို ဝင်ရောက်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့တာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း တရုတ်ရေတပ် အရာရှိဟောင်းတယောက်ဟာ စက်လှေငယ်တစင်းနဲ့ နယူးတိုင်ပေကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် အားအားသုံးနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိမှာလည်း ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီ ရာထူးတက်လာပြီးနောက်ပိုင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

Ref:NHK
Photo:Taipei Times

Related posts

Leave a Comment

VOM News

FREE
VIEW