ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၄
ရတီ(VOM)
မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး အထူးသဖြင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၀န်းကျင်တွင် စမ်းသပ်နိုင်ကြောင်း တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတအိမ်တော် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှင်ဝန်ဆစ်ခ်က မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်နိုင်ခြေ အကဲဖြတ်မှုကို ဝိုင်တီအင်န် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံအန်က ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယားက အဆင့်သင့်ပြင်ထားတာဖြစ်ပြီး ဒီအတွက် အသေးစား နျူကလီးယားစမ်းသပ်မှုတခု လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
နျူကလီးယားစမ်းသပ်မှုကို အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲအပြီးမှာ ပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ခြေရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြီးအကဲကဆိုပါတယ်။
ယခုလအစောပိုင်းမှာတော့ ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက်တွေအတွက် ယူနေရနီယံသန့်စင်စက်ရုံကို သွားရောက်စစ်ဆေးခဲ့ပြီး ယူရေနီယံတိုးမြှင့်သန့်စင်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ကို နိုင်ငံတကာက အာရုံစိုက် သိလာစေဖို့ အားထုတ်ကြိုးပမ်းနေပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမရွေးချယ်စာရင်းမှာ မြန်မာ့ရိုးသင်္ကြန်ပွဲတော် ပါဝင်လာ
Ms(VOM)နိုဝင်ဘာ ၇၊၂၀၂၄မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပဏာမ ရွေးချယ်တဲ့အဆင့်မှာ ပါဝင်လာပြီဖြစ်ကြောင်း သိရပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးက တင်ပြထားကြတဲ့... -
တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်ဖို့ ဒေါ်နယ်ထရန့်ကို ရှီကျင်းပင် တိုက်တွန်း
ပေကျင်း၊ နိုဝင်ဘာ-၇-၂၀၂၄ရတီ(VOM)တရုတ်-အမေရိကန် ဆက်ဆံရေးတည်ငြိမ်စေဖို့ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တရုတ်သမ္မတ ရှီကျင်းပင်က တိုက်တွန်းလိုက်ပါတယ်။တည်ငြိမ်ကောင်းမွန်ပြီး... -
ရခိုင်ကုန်စည်လမ်းကြောင်း မကောင်းတာကြောင့် ချင်း(ဂျင်း)လျှော့စိုက်ဖို့ တောင်သူတွေကို တိုက်တွန်း
ZY(VOM) နိုဝင်ဘာ ၇၊ ၂၀၂၄ ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့ရာလမ်းကြောင်း မကောင်းနိုင်သေးတဲ့အတွက် လာမယ့် ၂၀၂၅၊...