နောင်ချို တောင်ခမ်းဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ



စက်တင်ဘာ ၂၄၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ခမ်းရွာဘက်မှာ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“ဒီနေ့ တောင်ခမ်းဘက် နောက်ဆုံးအခြေအနေ တော်တော်လေး ပြင်းထန်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြား နေရပြီး မနေ့ကတော့ နစက ဘက်က လူနဲ့ ရိက္ခာ ထပ်ချ ပေး တယ်လို့ သိရကာ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

“တောင်ခမ်းဘက်က တိုက်ပွဲဖြစ်နေဆဲပဲ။ နစက ဘက်က အခု နောက်ပိုင်း ဆက်တိုက် ဆိုသလို ထိုးစစ်ဆင် နေတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်မနက်ပိုင်းမှာတော့ အမတ ၃၅၄ ဘက် တိုက်ပွဲ ဖြစ်နေပြီး မစခ ၉၀၂ ဘက်တော့ တိုက်ပွဲ ငြိမ်တယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူတွေအနေနဲ့ TNLA နဲ့ ပူးပါင်း တပ်ဖွဲ့တွေ နေရာယူထားတဲ့ နေရာတွမှာ မနေကြဖို့ နစက တပ်ဖွဲ့ နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း နောင်ချိုမြို့နယ်မှာ နစက အမြောက်တပ် ၂၀၆ တပ်စခန်းနဲ့ တောင်ခမ်းရွာရှိ နစကရဲ့ ၉၀၂ တပ်စခန်းနေရာတွေမှာ TNLA နဲ့ နစက တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ကြောင်း TNLA ဘက်က သတင်း ထုတ်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကျောက်ဂူ ဘက်ကနေ နောင်ချိုမြို့နယ် အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် နစကတပ်က ကြိုးပမ်း ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ လည်း ဖော်ပြထားပါဲတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW