ကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ‌ယောက်ကျော် ဒဏ်ရာရ

စက်တင်ဘာ ၃၀ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ‌ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးမှာ Smart Card ပြုလုပ်နေချိန် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။“ပေါက်ကွဲမှုက နေ့လယ် ၁၂ နာရီခွဲလောက်မှာ တပြိုင်နက်တည်းဆိုသလို ဖြစ်သွားတာပါ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဆန်အိတ်တွေထဲကနေ ထပေါက်တာလို့တော့ ကနဦးသိရတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ အခုတော့ အဲဒီနေရာတွေ အနီးတဝိုက်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာတွေ ကန့်သတ်ထားပြီး စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။ပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေတဲ့…

Read More

လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး

ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄ ရတီ(VOM) လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။ “နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်ဖြစ်နေတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ နယ်စပ်ဖြတ်ကျော်ဂိတ် လေးခုမှာ ကူညီပေးနေတယ် ”လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ခုနှစ်ရက်အတွင်း ဆီးရီးယားကို လူရှစ်သောင်းထိ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာလည်း အစ္စရေးဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို အပြင်းအထန် တိုက်ခိုက်နေပြီး တိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်မှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင်တယောက် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့က ပြောပါတယ်။ သီးခြားအနေနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး ပေါ်ပြူလာတပ်ဦး စစ်သွေးကြွအုပ်စုရဲ့ ခေါင်းဆောင်သုံးယောက်ဟာလည်း ဘေရွတ်မြို့လယ်ကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးကတော့ မှတ်ချက်မပေးပါဘူး။ ဒါဟာ တောင်ပိုင်းဆင်ခြေဖုံးရှိ ဟဇ်ဘိုလာတို့ရဲ့ အခြေစိုက်စခန်းအပြင်…

Read More

အလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား

စက်တင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂ ဝန်းကျင်အရွယ် မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။အဲဒီဖြစ်စဥ်ဟာ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက တိုက်အမှတ် ၄၀ ရဲ့ လေးလွှာနဲ့ ငါးလွှာကြား လှေကားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုးသွင်းဒဏ်ရာ များစွာနဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်းကို စက်တင်ဘာ ၂၈ ရက်၊ မနက် ၆ နာရီဝန်းကျင်မှာ ရပ်ကွက်နေပြည်သူ‌တွေက တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။“သေဆုံးသူက ဆားလင်းကြီးမြို့နယ်ကနေ ရန်ကုန်မှာ သင်တန်းလာတက်ရင်း အလုပ် လုပ်နေတဲ့သူပေါ့။ တိုက်ခန်းတခန်းမှာ သူငယ်ချင်းတွေစုပြီး နေကြတာ။ လူမှုရေးကိစ္စကြောင့် အသတ်ခံလိုက်ရတဲ့သဘောပါ။ တရားခံလို့ ယူဆရတဲ့သူကိုလည်း ဖမ်းမိထားပါပြီ။ သူတို့နှစ်ယောက်က သမီးရည်းစားတွေလို့လည်း သိရတယ်။ ကောင်လေးက အသင့်ယူလာတဲ့ ဓားနဲ့…

Read More

အရှေ့အလယ်ပိုင်း စစ်ပွဲတွေ အဆုံးသတ်ရေး အစ္စရေးဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ်လို့ ဂျိုးဘိုင်ဒင်ပြော

ဝါရှင်တန်၊ စက်တင်ဘာ-၃၀၂၀၂၄မျိုးဆက်(VOM)အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲအားလုံးကို ရှောင်ရှားရမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အလေးပေး ပြောဆိုလိုက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့လည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အလုံးစုံစစ်ပွဲတခု ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ ဒေသတွင်း စစ်ပွဲတွေရှောင်ရှားဖို့အရေး ဂျိုးဘိုင်ဒင်က ပြောဆိုလာတာပါ။ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး စနေနေ့က တိုက်ခိုက်မှုမှာတော့ ဟဇ်ဘိုလာခေါင်းဆောင်ပါ သေဆုံးခဲ့ပါတယ်။“လက်ရှိက ဟဇ်ဘိုလာတွေရဲ့ ဖွဲ့စည်းကွပ်ကဲမှု ပျက်ယွင်းလုနီးပါး ဖြစ်နေတယ်။ ထောင်ပေါင်းများစွာသော ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်ဆီးခံခဲ့ရတယ် ။ ဒီနေ့ဟဇ်ဘိုလာက ပြီးခဲ့တဲ့ သီတင်းပတ်က ဟဇ်ဘိုလာလားဆိုတာ မေးခွန်းထုတ်ဖို့ မလိုဘူး”လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ဆိုပါတယ်။အစ္စရေးအနေနဲ့ ပြည်သူတွေ၊ နယ်မြေနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာမှုကို ဖယ်ရှားဖို့ အခွင့်အရေးနဲ့…

Read More

ဂျပန်ကို ရက်အနည်းငယ်အတွင်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်ဖွယ်ရှိ

တိုကျို၊ စက်တင်ဘာ-၃၀-၂၀၂၄ရတီ(VOM)ဂျပန်နိုင်ငံကို လာမယ့်ရက်အနည်းငယ်အတွင်း အင်အားပြင်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်နို်ငခြေရှိကြောင်း ဂျပန်မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ပါတယ်။တိုင်ဖွန်းမုန်တိုင်း ခရာသန်ဟာ အိုကီနာဝါစီရင်စု အနောက်တောင်ပိုင်းရှိ ကျွန်းများနဲ့ အပူပိုင်းမုန်တိုင်း ဂျက်ဘီဟာ တိုကျိုအပါအဝင် ကန်တိုဒေသကို လာမယ့်ရက်အနည်းငယ်အတွင်း ချဉ်းကပ်တိုက်ခတ်မယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ခရာသန်သည် ဖိလစ်ပိုင်အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး မုန်တိုင်းအဖြစ် ပြောင်းလဲသွားတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ မုန်တိုင်းဟာ ပိုမိုအင်အားကောင်းလာပြီး အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ အိုင်ရှီဂါကီ၊ မီယာကိုနဲ့ နို်ငငံအနောက်တောင်ပိုင်းရှိ ကျွန်းတွေကို တိုက်ခတ်မှာဖြစ်ပါတယ်။အပူပိုင်းမုန်တိုင်း ဂျက်ဘီကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရီယာနာကျွန်းစုအနီး မြောက်- အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။လာမယ့်ရက်အနည်းငယ်အတွင်းမှာတော့ မုန်တိုင်းဂျက်ဘီဟာ အိုဂါဆာဝါရာ၊ အိုင်ဇူနဲ့ ကန်တိုဒေသတွေကို ချဉ်းကပ်တိုက်ခတ်ဖွယ်ရှိတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။Ref:NHKPhoto:AP

Read More

This Day in History

Voice of Myanmar ကမ္ဘာ့ပထမဆုံး နျူကလီးယားစွမ်းသုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် နော့တီးလပ်စ်သည် ၁၉၅၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အမေရိကန်ရေတပ်၌ တပ်တော်ဝင်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့သည်။

Read More

လားရှိုးမြို့ထဲ နဲ့ ဟိုယ အနီး လေကြောင်း ဗုံးကြဲခံရ

စက်တင်ဘာ ၃၀၊ ၂၀၂၄ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ထဲ နဲ့ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဟိုယ အနီး ကောင်းမောင်ရွာ မှာ စက်တင်ဘာလ ၂၉ ရက်နေ့ညက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “အိမ်နားလေး ကျတယ်။ ခုတင်အောက်မှာ ဝပ်နေကြတာ။ အိမ်ကမှန်တွေကွဲကုန်ပြီ။ ရပ်ကွက် ၁၁ ဂေါက်ကွင်းနား။ အောင် စေတနာလမ်း။ လူထိခိုက်မှုရှိတယ်” လို့ လာရှိုးဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လားရှိုးမြို့ထဲ စက်တင်ဘာ ၂၉ ရက်နေ့ည သန်းခေါင် ၁၂ နာရီ ၃၆ မိနစ်၊ ၁၂ နာရီ ၄၁ မိနစ်နဲ့ ၁၂ နာရီ ၄၃ မိနစ်တွမှာ နစက ဘက်က လေကြောင်းနဲ့…

Read More

ISS မှာသောင်တင်နေတဲ့ အာကာသယာဉ်မှူးနှစ်ယောက်ကို SpceX အာကာသယာဉ်နဲ့ ပြန်ခေါ်မယ်

ဝါရှင်တန်၊ စက်တင်ဘာ-၃၀-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ အာကာသစခန်း(ISS)မှာ ဇွန်လကတည်းက သောင်တင်နေတဲ့ နာဆာကာသယာဉ်မှူးနှစ်ယောက်ကို ပြန်ခေါ်မယ့် SpaceX ရဲ့မစ်ရှင်ကို စတင်လိုက်ပြီဖြစ်ပါတယ်။အာကသစခန်းမှာ သောင်တင်နေတဲ့ ဘတ်ချ်ဝေလ်မိုးနဲ့ ဆူနီဝီလီယံ တို့ကို ပြန်ခေါ်မယ့် SpaceX ရဲ့ Dragon အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ် ကိပ်ကာနီဗယ်ရှိ အာကာသစခန်းကနေ ပြီးခဲ့တဲ့နေမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ဒီမစ်ရှင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဖလော်ရီဒါအပါအဝင် ပြည်နယ်အချို့ကို ဝင်ရောက်ခဲ့သည့် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဟယ်လင်ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။နာဆာအာကာသယာဉ်မှူးနှစ်ယောက်ရဲ့ အာကာသခရီးစဉ်ဟာ ရှစ်ရက်သာကြာမြင့်မယ်လို့ ကနဦးသတ်မှတ်ခဲ့ပေမယ့် သူတို့စီးနှင်းသွားတဲ့ ဘိုးအင်းရဲ့ စတားလိုင်နာအာကာသယာဉ်မှာ နည်းပညာချို့ယွင်းချက်အချို့ကြောင့် ကမ္ဘောမြေကို လူလိုက်ပါခြင်းမရှိဘဲ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။သောင်တင်နေတဲ့ အာကာသယာဉ်မှူးတွေကို ပြန်ခေါ်မယ့် Dragon အာကာသယာဉ်ဟာ ဒီနေ့မှာတော့ အိုင်အက်စ်အက်စ်ကို ဆိုက်ရောက်ဖွယ်ရှိပြီး လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ ကမ္ဘာမြေပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။ဘီလျံနာ အီလွန်မာ့ခ် တည်ထောင်ထားတဲ့ SpaceX ကုမ္ပဏီဟာ နိုင်ငံတကာအာကာသစခန်းကို ခြောက်လတကြိမ်…

Read More
VOM News

FREE
VIEW