အောက်တိုဘာ ၂၊ ၂၀၂၄
Shy V (VOM )
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့ ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်က ဆားေတာတံတားဟာ ရေတိုက်စားမှုေကြာင့် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြိုကျ ပျက်စီးသွားကြောင်း ကားသမားေတွဆီက သိရပါတယ်။
“အဲဒီ တံတားက စက်တင်ဘာ လဆန်းပိုင်း ကတည်းက ပြိုကျတော့မလို နဲ့နေပြီ။ အဲဒါကြာင့် ပေးမဖြတ်တာကို ကားသမားတွေ ပိုက်ဆံ တသိန်း ပေးပြီး ဖြတ်ကြတယ်။ အခုတော့ ပြိုကျသွားပြီ။” လို့ ယဉ်မောင်း တယောက်က ပြောပါတယ်။
မိုင်းကိုင်မြောက်ဖက် တုံလောရွာက အဲဒီ ဆားတောတံတား ကျိုးသွားတာကြောင့် လောလောဆယ် မိုင်းကိုင် – နမ့်လန် လမ်းမကြီးပိုင်း သွားလို့မရတော့တာလို့ သူက ပြောပါတယ်။
မိုင်းကိုင်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းလုံချောင်းရေမြင့်တက်လာပြီး မိုင်းကိုင် – နမ့်လန် သွားလမ်းပေါ်ရှိ တံတားအမှတ် (၃/၉၁)၊ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ ဆားတောသံကူကွန်ကရစ်တံတားဟာ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တံတားရဲ့ မြောက်ဘက်ခြမ်းရှိ ချဉ်းကပ်လမ်း အကျယ် ၃၀ ပေ၊ အလျား ၃၀ ပေ ရေတိုက်စားကာ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာလို့ မရလို့ရပ်တန့်ခဲ့ရကြောင်း နဲ့ လမ်း/တံတားဦးစီးဌာန ဝန်ထမ်းတွေနဲ့ တာဝန်ရှိ သူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း လမ်း/တံတားဦးစီးဌာနက သတင်း ထုတ်ထားပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်နဲ့ နောင်ချိုကြား ဆမ္မဆယ်ကွင်းလမ်းမှာလည်း ကားလဲထားတာေကြာင့် လမ်းပိတ် နေကြောင်း ယာဉ်ေမာင်းတွဆီက သိရပါတယ်။
“ဆမ္မဆယ်ကွင်းလမ်းမှာ ကားလဲနေလို့ မန္တလေး – ကျောက်မဲ၊ မန္တလေး – လားရှိုး၊ မန္တလေး – မူဆယ်ခရီးသွားပြည်သူတွေ အနေဲ့ စုံစမ်းမေးမြန်းပြီးမှသွားဖို့လိုတယ်။ ရက်အနည်းငယ် ကြာနိုင်တယ်လို့သိရပါတယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
မန္တလေး – လားရှိုး ပြည်ထောင်စု လမ်းမ ပေါ်ရှိ ရေဝင်ရွာ နဲ့ သဲခေါ်ရွာမှာ TNLA ပူးပါင်း တပ်ဖွဲ့ နဲ့ နစက တပ်ဖွဲ့ တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ရေး တင်းမာနေတာကြောင်း ပြည်ထောင်စု လမ်းမကြီးရဲ့လမ်းပိုင်း အုမ္မတီးကနေ ဘန့်ဘွေး အထိ လမ်းပိတ်ထားတာကြောင့် ခရီးသွားပြည်သူ တွေဟာ အဲဒီစစ်မြေပြင်ကိုကွင်းဖို့ ဆမ္မဆယ် ကနေ ပတ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
Photo Crd #KSKingsur
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...